Chapter 26

849 41 11
                                    

အခန်း ၂၆။ စာသင်နှစ်အဆုံး

၉တန်းအတွက်​​​နွေရာသီကျူရှင်​တွေမစခင် ​ကျောင်းမှာ ၈တန်းအတန်းတင်​​ဖြေပြီး​နောက်လကုန်အထိ ကျူရှင်ကိုနားထားလိုက်သည်။ ​နောက်ဆုံး​နေ့က ယုယသူ့ကိုပြတ်ကြရ​အောင်လို့​ပြောခဲ့ပြီး​နောက် သူ့ဘက်ကလည်းဆက်သွယ်မလာ​သလို ယုယဘက်ကလည်း သူနဲ့ပက်သက်တဲ့အရာရာကို​နောက်မှာချန်ခဲ့ပြီး ဒီအမှတ်တရ​တွေကို​နွေညရဲ့အိမ်မက်တစ်ခုလိုသာ​မေ့​ပျောက်ပစ်ဖို့ကြိုးစားခဲ့ပါသည်။ ​ယုယသုံး​နေကျဖုန်းအ​ဟောင်းကို သိမ်းထားလိုက်ပြီး ကိုကို​ပေးခဲ့တဲ့ဖုန်းကိုသုံးရာကစလို့ သူနဲ့အတူရိုက်ထားတဲ့ဓါတ်ပုံ​တွေ၊ အပြန်အလှန်ပို့ခဲ့တဲ့ message​လေး​တွေကိုပါ ထိုဖူန်းအ​ဟောင်း​လေးနဲ့အတူတူ ပြတ်ပြတ်သားသားချန်ထားရစ်ခဲ့သည်။ ​ကျောင်းပိတ်ထားတဲ့အတွက်ဘယ်သူနဲ့မှမ​တွေ့ရလို့ ယုယတို့ရဲ့ လမ်းခွဲခြင်းက သိပ်ကိုလွယ်ကူခဲ့သလိုပဲ။ ယုယအဖို့က​​တော့ လစ်ဟာသွားတဲ့ သူ့​နေရာမှာ အစားအ​သောက်နဲ့ဖြည့်တင်းခဲ့တာပဲ။ ​​နေ့​နေ့ညည ၀ိတ်တတ်မှာ ၀လာမှာ​တွေမ​ကြောက်ပဲ စားချင်တာအကုန်စားပြီး အလှအပကို ရင်ခုန်ဖို့သာ​​ဝေး မှန်​ရှေ့မ​ရောက်တာ​ခေါင်းမဖြီးတာ​​တောင်အ​တော်ကြာပြီ။

ဒီရက်​တွေထဲမှာယုယအ​တော်အ​ဖော်မွန်​ကောင်းဖြစ်​ပေးသူက ​မေသက်ထားပါပဲ ယုယတို့အိမ်ကိုသူမလာ​ပေမယ့် ​နေ့တိုင်းဖုန်းဆက်ပြီး စာအတူတူကျက်ရင်း ယုယအနားမှာရှိ​နေ​ပေးရှာသည်။ သိင်္ခအ​ကြောင်းကို​မေက မ​ပြောမိ​အောင်ဂရုတစိုက်​နေ​ပေးတော့ သူနဲ့ ကြည်​ဝေထွန်းအ​ကြောင်းယုယသိထား​ပေမယ့်လည်း သူတို့အ​ကြောင်းမစမိ​အောင် ယုယကပြန်လည်ထိိန်းသိမ်း​ပေးရသည်။ ကျူရှင်စာ​မေးပွဲတုန်းက အ​သေအ​ကျေ ကြိုးစားထားခဲ့တာမို့ ​ကျောင်းစာ​မေးပွဲ​​ဖြေနိုင်ဖို့က ပုံမှန်​လေးစာလုပ်သွားရင်ရပါပြီ။ ဒါ​ပေမယ့်ယုယအဖို့က​တော့ သိင်္ခအ​ကြောင်း​​တွေးဖို့ အချိန်ပိုမ​ပေးပဲစာဖိလုပ်​နေတာပို၍​ကောင်းကျိုးရှိတာမို့ ရပြီးသားစာ​တွေကိုလည်းအထပ်ထပ်လုပ်​နေမိသည်။ 

​ကျောင်းပြန်တတ်​တော့နှစ်စတုန်းကရှိခဲ့ခဲ့အတိုင်းအရာရာဟာ​နေသားတကျပြန်ဖြစ်​နေပြီ။ ယုယမင်း​မော်နဲ့ ​မေသက်ထားဆိုတာ ဘယ်သူနဲ့မှအ​ပေါင်းအသင်းမလုပ်၊ နှစ်​ယောက်တည်းတစ်ကမ္ဘာတည်တဲ့အပယ်ခံလူသားနှစ်​ယောက်​ပေါ့။ နှစ်​ယောက်သားစကား​ပြောဖို့သက်သက်​ကျောင်းကိုအ​စောဆုံး​ရောက်​အောင်လာတတ်သူ​တွေ။ ​ကျောင်းစာသင်ခန်းထပ် မုန့်စျေးတန်းကိုသာခုံမင်သူ​တွေ…။ 

အချစ်တစ်ခုတည်းသာကျန်ရစ်တော့မည်जहाँ कहानियाँ रहती हैं। अभी खोजें