Chapter 40

985 59 21
                                    

အခန်း ၄၀။ အချစ်ကြီးသူကလဲ့စား ၂

ဒေါက်…​ဒေါက်

တံခါးနှစ်ချက်ဆင့်​ခေါက်သံ​ကြောင့်သိင်္ခ​ကျော်စွာအိပ်ရာကနိုးလာရသည်။တံခါးကိုရိုက်ချိုး​တော့မတတ်တဒုံးဒုံးထုရိုက်​နေတာမဟုတ်လို့အ​မေနဲ့အန်တီ​လေးတို့မဟုတ်မှန်းသိရသည်။ထို့​ကြောင့်အိပ်ရာကထကာအ​ပေါ်ရုံအင်္ကျီကို၀တ်ပြီးတံခါးသွားဖွင့်လိုက်သည်။အိမ်မကြီးဘက်က၀န်ထမ်းတစ်​ယောက်က သိင်္ခအခန်း၀မှာရပ်​နေသည်။ 

“ဘာကိစ္စလဲ…”

၀န်ထမ်းက​ရွှေ​ရောင်လင်ဗန်းတစ်ခုကို သိင်္ခ​ရှေ့ကမ်း​ပေးသည်။ အ​ပေါ်မှာအထုတ်​လေးတစ်ခုပါသည်။  

“သိင်္ခအတွက်ပါဆယ်ထုတ်​ရောက်​နေပါတယ်”

သိင်္ခကဗန်း​ပေါ်ကပါဆယ်ထုတ်ကိုယူလိုက်ပြီး​ကျေးဇူးတင်​ကြောင်း​ပြောကာတံခါးပြန်ပိတ်လိုက်သည်။deliveryက​​နေ​ကြည်​ဝေထွန်းနာမည်၊သိင်္ခလိပ်စာနဲ့အထုတ်တစ်ထုတ်​ရောက်လာသည်။ အထုတ်ထဲမှာပါတာ memory stickတစ်ခု​​​၊ ပို့လိုက်တဲ့လူက red door clubလိပ်စာနဲ့ဖြစ်​နေသည်။ စင်စစ်မ​နေ့ညကကြည်​ဝေထွန်း​ တောင်းဆိုထားတဲ့ အရာပဲဖြစ်လိမ့်မည်ဟု သိင်္ခအတပ်သိလိုက်သည်။  ​အောက်ထပ်ကဂိမ်း​ဆော့တဲ့အခန်းထဲမှာအိပ်​​နေတဲ့ကြည်​ဝေထွန်းဆီဆင်းသွားလိုက်ပြီး သ​ကောင့်သားကိုအိပ်ရာကနှိုးရသည်။ 

“ဟိတ်​ကောင် ထစမ်း….ဒီမှာမင်းမှာထားတာပို့လိုက်ပြီ”

ဟို​ကောင်ကတုတ်တုတ်​တောင်မလှုပ်ဘူး။

“ကြည်​ဝေ!”

သိင်္ခသူ့ကို​ခြေ​ထောက်နဲ့နည်းနည်းကန်လိုက်သည်။တစ်ဖက်ကိုလှည့်သွားပြီးမလှုပ်မယှက်ဆက်အိပ်​နေသည်။ 

“ကြည်​ဝေထွန်း…”

လှုပ်နှိုးတာ​​တောင်တအင်းအင်း၊တအဲအဲနဲ့ညီးငြူ​နေတဲ့ကြည်​ဝေထွန်းကနိုးမလာဘူး။ အိပ်ရာ​ပေါ်တတ်ပြီးသူ့မျက်နှာကိုဆွဲကြည့်​တော့မ​နေ့ညကထပ်​တောင်ရုပ်ပျက်ဆင်းပျက်ဖြစ်​နေ​သည်။မ​နေ့ညက​သွေးပူ​နေတာ​ရော၊ဘီယာအရှိန်​ကြောင့်ပါထုံကြဥ်​နေသမျှကမနက်မိုးလင်းမှာအကျိုး​ပေး​နေတာပဲဖြစ်ရမည်။ကြည်​ဝေထွန်းတစ်​ယောက်ဒီတစ်​နေကုန်အိပ်ရာက​နေထနိုင်ပါ့မလား​တောင်မသိဘူး။သနားတာနဲ့ဆက်မနှိုး​နေ​တော့ပဲ သိင်္ခတစ်​ယောက်တည်းmemory stickကိုဖွင့်ကြည့်လိုက်​တော့သည်။ 

အချစ်တစ်ခုတည်းသာကျန်ရစ်တော့မည်Where stories live. Discover now