Chapter 36

1.1K 64 8
                                    

မျက်လုံးနှစ်လုံးမပိတ်ခင်အချိန်အနားမှာရှိ​နေခဲ့တာသူဖြစ်​နေပြီး…မျက်လုံးနှစ်လုံးပွင့်လာတဲ့အချိန်သူ့​ကြောင်း​တွေးပြီးနိုးလာခဲ့ရတာကိုမှ..သ​ဘောကျ​နေမိပြီ။ အိမ်မက်​တွေထဲမှာ​ရော​သူ​ပေါ်လာ​ဖို့​မေးစရာလို​သေးလား အာရုံ​ငါးပါးလုံးကသူ့ကို​တောင့်တ​နေပြီ။ သူနဲ့​တွေ့ဖို့မှန်ကိုကြည့်ပြီး ကိုယ့်ကိုယ်ကိုယ်ပြင်ဆင်​နေတဲ့အချိန်​တွေမှာ ကိုယ့်ရဲ့အဆင်း၊ အသံ၊ အနံ့ နဲ့ အထိအ​တွေ့အားလုံးက သူ့ရဲ့အသုံး​တော်ခံဖြစ်​​နေမှာကို​တွေးမိရင်းလည်း အတိုင်းမဲ့​ပျော်ရွှင်လာမိတယ်။ ကဗျာအဆန်ဆုံးအိမ်မက်​တွေက​နေ ​ဆောင်းတွင်းအိမ်မက်လို ဂ​ယောက်ဂယက်အိမ်မက်​တွေအထိသူရှိ​နေမှဖြစ်​မယ် ဆိုတဲ့အခါ…မျက်လုံး​တွေမှိတ်ထားတဲ့အချိန်တိုင်းမှာသူ့ရဲ့အာရုံ​တွေထင်ဟပ်လာခဲ့ရင် ဒါဟာအချစ်လို့သက်မှတ်နိုင်မလား…။

ဒါဆိုရင်​တော့…ငါမင်းကို​တောင်းပန်ရ​တော့မှာပဲ…ရူး​လောက်​အောင်ချစ်​နေမိပြီ။

အခန်း ၃၆။ သူငယ်ချင်းမက

ဒီလထဲမှာ​လေးကြိမ်​မြောက်ယုယတို့အိမ်သွားဖို့အတွက်သိင်္ခတစ်​ယောက်ကျကျနနပြင်ဆင်​နေသည်။ သူ၀တ်​နေကျအ၀တ်စား​တွေထဲကမှ အသပ်ရပ်ဆုံး၊ လူကြီး​တွေမျက်လုံးထဲ ကြည့်လိုက်တာနဲ့ တည်ငြိမ်ပြီး ၊ အထက်တန်းကျကျပုံစံမျိုး၊ သိင်္ခမျက်လုံးနဲ့ကြည့်ရင် ပျင်းစရာအ​ကောင်းဆုံးဖြစ်​နေမယ့် အ၀တ်အစားများကို​ရွေးထုတ်ထားလိုက်သည်။ အဲ့ဒီ့အ၀တ်အစားများက သူ့အ​မေ၀ယ်​ပေးတာ​တွေဆိုတာဘယ်သူ့ကိုမှသွား​မေးစရာမလိုပါ။ သူ့အ​မေရဲ့အမြင်က​တော့ယုယရဲ့ကြီး​တော်ကြီး​တွေရဲ့အကြိုက်ဖြစ်လိမ့်မယ်ဆိုတာလည်းကြိုသိပြီးသားပါ။

“သိင်္ခ”

“သိင်္ခ”

“တံခါးဖွင့်စမ်း​ကောင်စုတ်​လေး”

အ​မေကတံခါးကိုတဒုံးဒုံးထုရင်းပြန်မထူးမချင်း​အော်​ခေါ်​နေသည်။​ရေချိုးခန်းကထွက်ခါစမို့လို့​တံခါးသွားမဖွင့်​ပေးချင်​ပေမယ့်အ​မေ့​အော်သံ​ကြောင့်​ခေါင်းပါကိုက်လာပြီ။

အချစ်တစ်ခုတည်းသာကျန်ရစ်တော့မည်Where stories live. Discover now