Chapter 37

965 74 13
                                    

အခန်း ၃၇။ အချစ်ဦးကိုပြန်ရယူမယ်

Red Door Clubကို မသိတဲ့လူ​​တွေက​တော့ သာမန်ကြယ်ငါးပွင့် club​လေးတစ်ခု​ပေါ့၊သိတဲ့လူ​တွေအတွက်​တော့ရန်ကုန်မြို့မှာအရာရာဖြစ်နိုင်တဲ့​ကောင်းကင်ဘုံပဲ။အ​ကြောင်းသိသိမသိသိ နာမည်ကြီးတဲ့ ကြယ်ငါးပွင့်ကလပ်ဆိုတဲ့ နာမည်အတိုင်းပဲ ၀င်ခွင့်ရဖို့အတွက်ညဦးကတည်းကတန်းစီရသည်။ ပြီးရင်လည်း လူကို​သေ​​သေချာချာစီစစ်ပြီးမှအထဲ၀င်ခွင့်ပြုတာမို့ ဂိတ်၀လုံခြုံ​ရေးက​တောင် အာဏာအပြည့်ရှိသည်။(just my imagination)

"ညီ​လေးတို့မှတ်ပုံတင်ကဒ်ပြပါ..."

အခုလည်းClubလုံခြုံ​ရေးကသိင်္ခတို့​အရှေ့က​နေတားဆီးထားသည်။ မှတ်ပုံတင်ပါလည်းပြလို့မဖြစ်ဘူး....Clubထဲ၀င်ဖို့၁၈နှစ်ပြည့်ရမယ်ဆိုတဲ့တားမြစ်ချက်ကရှိတာကိုး...ဒါ​ပေမယ့်ဘယ်လိုဥပ​ဒေပဲဖြစ်ပါ​စေ ​လောကမှာတန်ခိုးအထွားဆုံး ပိုက်ဆံကိုတားမြစ်နိုင်တဲ့အရာရှိ​သေးလို့လား။ ကြည်​ဝေထွန်းကကြား၀င်ပြီး သူ့အိပ်ကတ်ထဲကနံပါတ်အကြီးဆုံး​လေး ငါးရွက်ထုတ်​ပေးလိုက်သည်။

"မှတ်ပုံတင်​မေ့ခဲ့လို့ပါ"

သို့​သော်လည်းထိုလူကကြည့်​ဝေထွန်းလက်ထဲကပိုက်ဆံကိုမယူပဲတားမြစ်ထားဆဲ။ ကြည်​ဝေထွန်းကရယ်သည်။ ထိုလူကိုကြည့်၍​ဖော်​ရွေစွာပြုံးပြကာ​မေးလိုက်သည်။

"နည်း​သေးလို့လားဗျ..."

"အဲ့လိုလုပ်လည်း မှတ်ပုံတင်မပြနိုင်ရင်ညီ​လေးတို့၀င်လို့မရပါဘူး..."

ထိုလူကမျက်နှာထားတင်းမာစွာ​ပြော​နေဆဲ။

"ရုန်းရင်းဆန်ခတ်ဖြစ်​အောင်မလုပ်ပါနဲ့ဗျာ...​အေး​အေး​ဆေး​ဆေးသွားခွင့်​ပေးလိုက်ရင် ခင်ဗျားလည်း​အောက်ဆိုက်​လေးရတာ​ပေါ့"

အဆုံးမရှိတဲ့ပိုက်ဆံ​တွေတလူလူပျံပြီးထွက်လာနိုင်​တဲ့​မှော်၀င်ပိုက်ဆံအိတ်လိုကြည်​ဝေထွန်းကသူ့အိတ်ထဲက ​နောက်ထပ်​လေးငါးရွက်ထပ်ထုတ်လိုက်ပြန်သည်။ ဒါကိုလည်း၀န်ထမ်းကမယူဘူး။​စော​စောကထပ်ရင့်သီးစွာပင်တုန့်ပြန်လိုက်​သေးသည်။

အချစ်တစ်ခုတည်းသာကျန်ရစ်တော့မည်Dove le storie prendono vita. Scoprilo ora