Chapter 9

833 45 0
                                    

အခန်း ၉။ အကြံသမားနှစ်ယောက်

"သမီးပြောတော့ ဒီတစ်ပတ် ဖေဖေနဲ့ ပြခန်းလိုက်မှာဆို၊ တာမွေမှာဆိတ်သားပတ်ဖ်နဲ့ လက်ဖက်ရည်​သောက်ချင်တယ်ဆို၊ လုပ်စရာတွေအများကြီးကိုမေရယ် ယုယတို့အိမ်မှာဘာလို့ သက်သက်မဲ့ အလုပ်သွားရှုပ်မှာလဲ"

ကားမောင်းရင်းပြောနေတဲ့ မေသက်ထားဖေဖေ၏မျက်နှာထားသည် တင်းမာနေသည်။ ဒေါသထွက်ခြင်းထပ် စိတ်ရှုပ်ထွေးနေဟန်တူသည်၊ မျက်မှောင်ကြုပ်ထားပြီး နှုတ်ခမ်းတွေကိုစေ့ထားခြင်းသည် သူ့ရဲ့ခံစားချက်မှန်ကို မပေါ်လွင်စေရ။ နောက်ခန်းမှာထိုင်နေတဲ့ ဂျစ်ကန်ကန် ​မေသက်ထားဆီကနေ ဘာမှမကြားရတဲ့အခါ အန်ကယ်သည်သူ့ဘာသာသူ သက်ပြင်းချလိုက်သည်။

ယုယသည် မေသက်ထားဖေဖေ၏ ​ဘေးခုံတွင်ထိုင်နေခဲ့တာကြောင့် သူ့အမူအရာအားလုံးကို ​သေချာမြင်နေရပါသည်။ စနေ၊ တနင်္ဂနွေ နှစ်ရက်ကို ယုယအိမ်မှာလိုက်မယ်ဆိုတာကို အန်ကယ်ကသိပ်မကြည်ဖြူပေ။ သူနဲ့စိတ်ကောက်ပြီး အိမ်မှာမနေပဲသူငယ်ချင်းအိမ်မှာနေမယ်ဆိုတာကို ဘယ်အဖေကများကြည်ဖြူပါလိမ့်မလဲ။

မေသက်ထားကလည်း ဘယ်လိုချော့ချော့ ချော့မရချေ။ မေသက်ထားရဲ့ဖေဖေက စိတ်မလျှော့သေး သူ့သမီးကိုနောက်မှန်ကနေ လှမ်းကြည့်ရင်းထပ်ပြောသည်။

"ဘဘကြီးဦးဝင်းတို့က သမီး​လေးလာမယ်ဆိုလို့ စောင့်နေရှာမှာ"

"မစောင့်ပါဘူး၊ သူတို့ဟာနဲ့သူတို့ အလုပ်ရှုပ်နေမှာပဲ၊ ဘယ်သူမှမေ့ကို နေရာတကာလိုက်ပြီး ဂရုစိုက်နေစရာမလို့ဘူး ဖေဖေလည်း ကိုယ်အလုပ်ကိုယ်လုပ် မေ့လည်းမေ့ ဘာ့သာနေချင်သလိုနေရဦးမှပေါ့"

"သမီးကဘယ်သူ့ကိုစိတ်ဆိုးနေတာလဲ၊ ဘာကိုစိတ်ဆိုးနေတာလဲ ဖေဖေနားမလည်တော့ဘူး"

"ဖေဖေ့ကိုစိတ်ဆိုးနေတာ သမီးကိုလည်းလွတ်လပ်ခွင့်ပေးပါဦး ၊ယုယအိမ်မှာတစ်ည၊ နှစ်ညသွားအိပ်ချင်ပါတယ်ဆိုတာကို မအိပ်ဖူးတာလည်းမဟုတ်ဘူး အဲ့တာကို မပြီးတော့ဘူးဖေဖေက"

ယုယမှာသားအဖနှစ်ယောက်ရန်ပွဲကြား ဟိုဘက်ကြည့်လိုက် ဒီဘက်ကြည့်လိုက်နှင့် ရင်မောပါဘိ၊ မေ့ကိုကြည့်ရင်း အန်ကယ့်အစားစိတ်မကောင်းဖြစ်မိပေမယ့်၊ အန်ကယ့်ကိုကြည့်ရင်း ​မေသက်ထားကိုအားကျမိပါသည်။ ယုယဖေဖေသာ မေသက်ထားဖေဖေရဲ့ တစ်ဝက်လောက်သဘောကောင်းပါတော့လား။

အချစ်တစ်ခုတည်းသာကျန်ရစ်တော့မည်Donde viven las historias. Descúbrelo ahora