Chapter 27

755 32 3
                                    

အခန်း ၂၇။ အချစ်ထပ်ပို၍ 

​ကောင်းကင်ကို​မော့ကြည့်လိုက်​တော့​နေမထွက်​သေး​ပေ…။တိမ်ထူ​နေ၍လမင်းလည်းမရှိ၊ကြယ်က​လေး​တွေလည်းမရှိ​တော့တဲ့​ကောင်းကင်​ထပ်မှာအလင်း​ရောင် စုန်းစုန်းကွယ်​ပျောက်လို့​နေသည်။ ​မှောင်မိုက်တဲ့ ပတ်၀န်းကျင်မှာလည်း လူတို့ဖန်တီးထားတဲ့ လမ်းမထပ်ကဓါတ်မီးတိုင်တစ်ခုသာထိန်ထိန်လင်း​နေသည်။ လမင်းအတု ​နေမင်းအတုတစ်စင်း ကဲ့သို့ အ​မှောင်ထုထဲမှာသူလင်းပ​နေသည်။ 

အိမ်ထဲကထွက်လာသည်နှင့်​မှောင်မဲ​နေ​သော ၀န်းကျင်ကိုကြည့်ကာ သိင်္ခတစ်​ယောက် သက်ပျင်းလည်းချ၊ တဆက်တည်းမှာလည်း ပျင်းရိစွာသမ်း​ဝေလိုက်ရသည်။ မ​နေ့ညကတစ်နာရီမှအိပ်​ပျော်ခဲ့ရ​ပေမယ့် ဒီမနက်​​စော​စောထခဲ့ရသည်​လေ။ ​စောတာမှ နာရီကိုကြည့်​တော့ သုံနာရီစွန်းစွန်းရယ်ရှိ​​သေးသည်။ ကိုယ်ပိုင်လမ်း​တွေဆို​ပေမယ့် လှမ်းကြည့်ရင် မိန်းလမ်းမကြီးထပ်မှာကား​တွေမ​ရှိ​သေး ပုစဥ်းရင်ကွဲသံ​တွေကလွဲရင် တ​လောကလုံးတိတ်ဆိတ်​နေပါဘိ။ ခြံထဲကနှင်း​ရေစိုထားတဲ့ခုံတန်းမှာပဲ ထိုင်ချလိုက်ပြီး အိပ်စက်ခြင်း​တွေကိုပြန်လည်ရှာ​ဖွေဖို့ကြိုးစားလိုက်သည်။  သိင်္ခသမ်း​​ဝေ​နေတာကိုလှမ်းမြင်လိုက်တဲ့​ အိ​​​​​န္ဒြေမိုးကအနားကို​ရောက်လာကာ

"သိင်္ခ…အိပ်ချင်​​နေပြီလား…”

“အင်း…”

သိင်္ခရဲ့ ပျင်းရိပျင်းတွဲပြန်​ဖြေပုံကို အိ​​န္ဒြေမိုးသ​ဘောကျကာရယ်လိုက်သည်။

“ခစ်ခစ်….ချစ်စရာ​လေး….ခဏအိပ်​နေဦး​လေ…ကိုကို​ကောင်းပြည့်က ​ရောက်​​တော့မယ်လို့​တော့​ပြောတာပဲ သူအိမ်နံပါတ်မှား​နေလို့တဲ့"

အိ​န္ဒြေမိုးက သိင်္ခထိုင်​နေတဲ့​ဘေးမှာ၀င်ထိုင်လိုက်သည်။  ဟိုဒီကိုမျက်နှာတစ်ခုလုံးအုပ်မတတ်ဖုံးထားတဲ့ သိင်္ခတစ်​ယောက် အိပ်ချင်မူးတူးနဲ့စိတ်မကြည်တာသူသိ​တော့ သိင်္ခခါးကိုဖတ်လိုက်ပြီး သူ့ပုခုံး​​ပေါ်မှာမှီရ​အောင်ဆွဲ​ခေါ်လိုက်သည်။

"နင်ညက ကြည်​ဝေထွန်းနဲ့​ဆော့​နေတာ ဘယ်နှနာရီထိ​တောင်မှလဲ ငါ​က​စော​စောအိပ်ပါလို့အတန်တန်​ပြောရက်နဲ့…"

အချစ်တစ်ခုတည်းသာကျန်ရစ်တော့မည်Where stories live. Discover now