Chapter 12

832 41 0
                                    

သူပေးခဲ့တဲ့ဒဏ်ရာများက အမာရွတ်​တွေအဖြစ်ကျန်ရစ်ခဲ့သည့်တိုင် တိုက်ဆိုင်မှုရှိလာတိုင်း နာကျင်ဆဲနာကျင်ရမြဲ... မီးလောင်ဒဏ်ရာလိုမျိုး မီးကိုမြင်တိုင်း ပူစပ်ပူလောင်ခံစားနေရခြင်းမျိုး။ အနူးညံ့ဆုံးအစိတ်ပိုင်းလေးကို ပိုင်ရှင်မသိလိုက်ခင်မှာ သူခိုးယူဖြတ်ထုတ်သွားခဲ့ပြီး သူ့အပိုင်အဖြစ်ပြောင်းလဲလိုက်သည်။


အခန်း ၁၄။ ပြေး ယုယ ပြေး

ဒီညတော့စာမလုပ်ပဲ အိပ်ရာပေါ်မှာတစ်ယောက်တည်း မျက်စိကြောင်နေခဲ့သည်။ ယုယရဲ့ Facebook အကောင့်တုတစ်ခုက သူနဲ့သူငယ်ချင်းဖြစ်နေတာမို့ ယုယနာမည်နဲ့accမှာ သူ့ကိုBlockထားတာတောင် သူ့ရဲ့လှုပ်ရှားမှုတိုင်းကို ယုယသိနေရသည်။

သူ့လက်ထဲမှာဂစ်တာအသစ်တစ်လုံးရှိနေတော့ သူ့ယုယဆီကဂစ်တာအဟောင်းလေးကိုမလိုအပ်​တော့ဘူးပေါ့။ ဘယ်သူကများသူ့ကိုလက်ဆောင်ပေးသလဲမသိပါ၊ ပြောင်လတ်တောက်ပနေတဲ့ အနက်ရောင်ဂစ်တာဟာ အတော်လေးဈေးကြီးမည့်ပုံပေါ်သည်။ ငွေရောင်လိုင်းလေးတွေနဲ့အသားမှာထွင်းထားတဲ့နာမည်ကြောင့် တစ်စုံတစ်ယောက်ဟာ သိင့်အတွက်ထိုဂစ်တာကိုတကူးတက အပ်ပေးခဲ့ပုံရပါသည်။

သူ့ပေါင်ပေါ်မှာ၊ သူ့လက်မောင်းတွေကြားမှာ ​ပွေ့ပိုက်ထားသည့် ခန့်ညားတောက်ပလွန်းသောဂစ်တာသည် ယုယရဲ့အိတ်အဟောင်းကြီးထဲကဂစ်တာအိုလေးကို မျက်နှာငယ်စေပါသည်။ အနက်​ရောင် ဂစ်တာသားပေါ်မှာရေးထွင်းထားတဲ့ ​ငွေမှင်​ရောက်ပန်းစာလုံးနာမည်သည်လည်း ယုယတစ်ယောက် မဆွဲတတ်ဆွဲတတ်နဲ့ဆွဲထားတဲ့ ​နေကြာပန်းပွင့်​လေး​တွေကိုမျက်နှာငယ်​စေလို့​ပေါ့။

"ငါတို့ကြားမှာ ကွာခြားချက်တွေသိပ်မပြပါနဲ့လား...ငါ့မှာ​တော့ နင့်အတွက်တန်ဖိုးရှိတာ ဘာမှမရှိလို့ပါ"

ယုယရဲ့ပေါင်ပေါ်က ရုပ်ဆိုးဆိုးဝက်ရုပ်လေးကို ကြည့်ရင်းတီးတိုးပြောလိုက်သည်။ ယုယပေးမယ့် သူ့အတွက်လက်ဆောင်သည် တတ်နိုင်သလောက်အလှဆုံး​ရေးဆွဲထားခဲ့တဲ့ ​နေကြာပန်းပွင့်လေးတွေနဲ့ ဂစ်တာလေးတစ်လက်ဖြစ်ပေမယ့် သူ့ယုယမွေးနေ့အတွက်ပေးခဲ့တဲ့ လက်ဆောင်သည် ဤပုံဆိုးပန်းဆိုးဝက်ရုပ်ကြီးဖြစ်ပါသည်။ ထိုဝက်ရုပ်ကြီးအပြင် လူတွေကြားမှာ ယုယကိုကြည့်ပြီးသူပြောခဲ့သေးသည်။

အချစ်တစ်ခုတည်းသာကျန်ရစ်တော့မည်Where stories live. Discover now