အခန်း၂၉။ ဒုတိယနွေ
“ကိုးတန်း၊ ဆယ်တန်း…အဲ့ဒီ့နှစ်နှစ်က မြန်မာနိုင်ငံကဆယ်ကျော်သက်ကျောင်းသား လူငယ်တိုင်း ကပ်ရောဂါဆိုးကျတဲ့နှစ်တွေပဲ”
“အမယ်…”
“စဥ်းစားကြည့်လေ ဆယ်ကျော်သက်ဆိုတဲ့အရွယ်က ဖိုးဖလံလေးကနေ လိပ်ပြာပေါက်ကလေးဖြစ်ဖို့ ကြိုးစားနေတဲ့အရွယ်မှာ၊ လောကကြီးကို မျက်စိပွင့်နားပွင့်နဲ့ စူးစမ်းလေ့လာပြီး၊ အရာရာကိုစမ်းသပ်ကြည့်ချင်တဲ့ တတ်ကြွတဲ့ စိတ်တွေနဲ့ အခုလူကြီးတွေ ဘာလုပ်နေလဲသင်ယူရမယ့် အကြိုလူကြီးတန်းအရွယ်”
“ဟုတ်တယ်လေ စူးစမ်းလွန်းလို့ မင်းရောငါရောအခုစက်ဘီးလက်မဲ့နဲ့ လမ်းလျှောက်နေရတာပေါ့…”
“ကြည်ဝေ…ငါတို့ဆေးလိပ်ခိုးသောက်တယ်ဆိုတာလုပ်ချင်လို့လုပ်ကြတာမဟုတ်ဘူး…လုပ်ရမယ့်အရွယ်မှာလုပ်သင့်တဲ့ကိစ္စကိုလုပ်တာ”
“မသိရင် ငါတို့ဆေးလိပ်ခိုးသောက်တာ လောကကြီးကိုကယ်တင်နေတာကျနေတာပဲ”
“လောကကြီးကိုကယ်တင်တင်တာနဲ့ဘာမှမဆိုင်ဘူးး ဒါပေမယ့် သဟဇာတ ဖြစ်စဥ်တွေအတွက်ဟန်ချက်ထိန်းပေးနေတာ…မင်းစဥ်းစားကြည့် မင်းအဖေငါတို့အရွယ်မှာဘာလုပ်နေမလဲမင်းသိလား…”
“…ဖွန်ကြောင်နေမှာပေါ့…ခွီး အဖေ့ကိုပြန်မပြောနဲ့နော်ဟျောင့်…”
“အေး…မင်းပြောတာမှန်တယ် ငါတို့ဒီအရွယ်မှာလုပ်နေတဲ့ ဆေးလိပ်သောက်တာ စော်ကြောင်တာ ရည်းစားထားတာ၊ အပြာကားကြည့်တာတွေအားလုံး သူငယ်ငယ်တုန်းကလည်း သေချာပေါက်လုပ်နေမှာပဲ…ဒီအရွယ်မှာဒါတွေကလုပ်ကို လုပ်ရမယ့်ကိစ္စမို့လို့ကိုလုပ်နေမှာ…”
“အော့…ရွံစရာကြီးကွာ”
“ဘာတွေလျှောက်တွေးနေတာလဲ…မင်းကြောင့်ငါ့ဆိုလိုရင်းပျောက်ကုန်ပြီ”
“လိုက်ရှာပေးဖို့လည်း မင်းဆိုလိုရင်းကဘာမှန်းကိုမသိသေးတာ”
“အဲ့တာတွေလုပ်ရမယ့်အချိန်မှာ…ငါတို့ခေတ်မှကွာအဲ့ဒီ့ကိုးတန်း၊ ဆယ်တန်းဆိုတဲ့ အကျိုးမပေးတဲ့ဟာကြီးနဲ့အတင်းချုပ်ထားတာကောင်းကြသေးရဲ့လားလို့”
YOU ARE READING
အချစ်တစ်ခုတည်းသာကျန်ရစ်တော့မည်