Chapter 31

1K 54 12
                                    

အခန်း ၃၁။ မ​ကျေ​ပွဲ

ယုယတို့စာမေးပွဲကြီးမစခင်က bioသင်တဲ့ဆရာကမေးဖူးတယ် စာမေးပွဲကြီးပြီးရင် ဘာတွေလုပ်ကြမှာလဲတဲ့ အချို့က ခရီးတွေထွက်ကြမယ်၊ အချို့ကတော့ဘာသာစကားတွေသင်မယ်၊ လွတ်သွားတဲ့ရုပ်ရှင်တွေကြည့်မယ်၊ ခရီးတွေထွက်မယ်၊ တောင်တွေပေါ်သွားချင်တဲ့သူရယ်၊ ပင်လယ်ဘက်သွားချင်တဲ့သူရယ်၊ ရထားနဲ့အဖွဲ့လိုက်သွားချင်တဲ့သူရော၊ တစ်ယောက်တည်းကားမောင်းသင်ပြီး ကားနဲ့သွားချင်တဲ့သူရော၊ ကောင်မလေးတစ်ယောက်ကဆို မြင်းစီးသင်ချင်တာတဲ့။ အဲ့ဒီ့အချိန်တုန်းကတော့ ယုယမှာလည်းအဖြေတွေအများကြီးခေါင်းထဲမှာရှိတယ်...။ ​စာ​မေးပွဲပြီးပြီဆိုရင် ဘာ​တွေလုပ်မယ်၊ ဘာ​တွေစားမယ်၊ ဘယ်​တွေသွားမယ် ၊ ဘာတွေသင်ကြမယ်...။ တွေးကြည့်ရင်ကိုပျော်စရာကြီး အဓိကကစာမေးပွဲကြီးပြီးသွားဖို့ပဲလိုတယ် ။

ယုယရဲ့အထက်တန်းကျောင်းသားဘ၀ တစ်လျှောက်လုံးဒီစာမေးပွဲကိုပဲ ပူပန်နေခဲ့ရတာမို့လို့ ဒါကြီးပြီးသွားရင် ကပ်ရောဂါဆိုးကြီးပြီးသွားသလိုမျိုး၊ ကျိန်စာမိနေတဲ့ဒုက္ခနွံထဲကနေ လွတ်မြောက်သွားသလိုခံစားရမှာပဲလို့ကိုတွေးခဲ့တာ။ ကိုကို့လိုမျိုးယုယက စိန်ခေါ်မှုတွေ၊စာမေးပွဲတွေနဲ့ လုံးပန်းချင်တဲ့သူမဟုတ်တော့ တစ်လျှောက်လုံးစာကြိုးစားခဲ့တာတွေကဖေဖေ့သမီးမို့လို့ယုယလုပ်ရမယ့် တာဝန်တစ်ခုလိုခံယူပြီးလုပ်ခဲ့တာပါပဲ။

စာမေးပွဲကြီးပြီးရင်တော့တာဝန်ကျေပြီ။ အသက်ကိုမတွေးပဲ ကိုယ့်ကိုယ်ကိုယ် လူကြီးဖြစ်သွားပြီလို့ကိုတွေးထားတာ မေသက်ထားနဲ့ယုယတို့ ခရီးတွေထွက်ဖို့တိုင်ပင်ထားကြတာ လူကြီးတွေမပါတဲ့ နှစ်ယောက်တည်းစွန့်စားခန်းတွေပေါ့။ တစ်လျှောက်လုံးမွန်းကြပ်ခဲ့ရပြီးပြီမို့ စာမေးပွဲပြီးတာနဲ့ကိုအားလုံးလွှတ်ချထားခဲ့ချင်တာ။ bioဖြေပြီးရင်အိမ်ကိုမပြန်ပဲတစ်နေရာရာမှာသွားနေ

မယ်လို့ကိုစဉ်းစားထားတာ..။တစ်ခါတ​လေကျ​တော့ယုယအတွေးတွေက လိမ်မာတဲ့​ကောင်မ​လေးတစ်​ယောက်ရဲ့အ​တွေး​တွေ စိတ်ထား​တွေမဟုတ်ဘူး။ ဒါ​ပေမယ့် အဲ့တာ​တွေကိုချိုးနှိမ်ပြီးလိမ်မာ​အောင်​နေထိုင်​နေတာက ​​အမြဲတမ်းအတွက်အ​ဖြေ​ကောင်းတစ်ခုလို့ပဲထင်ခဲ့တယ်။

အချစ်တစ်ခုတည်းသာကျန်ရစ်တော့မည်Donde viven las historias. Descúbrelo ahora