Chapter 8

946 43 0
                                    

အခန်း ၇။ တူနာငါးဆင်းဒဝှစ်အရှုပ်တော်ပုံ

ခြေမျက်စိအထိတိုက်နေသည့် စကတ်အရှည်ကြီးတကားကားနဲ့ ယုယမင်းမော်တစ်ယောက် ပြေးလွှားနေသည်။ သူ့ကျောမှာလွယ်ထားတဲ့ လွယ်အိတ်ကြီးက လိပ်ကျောခွံကြီးလို သူ့တစ်ကိုယ်လုံးကိုနောက်ကကြည့်ရင် ခြေနှင့်လက်သာမြင်ရအောင်ကြီးသည်။ ခေါင်းပေါ်မှာလည်း နှစ်ဖက်ခွဲပြီးထုံးထားတဲ့ ဂြိုလ်ထုလုံးလေးနှစ်လုံးနှင့် ဖြစ်သည်။

ကုန်းတတ်ကြီးဖြစ်တဲ့ လမ်းမပေါ်မှာ သူကုန်းကုန်း ကုန်းကုန်းနဲ့တ​ရွေ့​ရွေ့တတ်​နေသည်။ ကျူရှင်မတတ်ခင်အမှီ ​ရောက်သွားခဲ့ပေမယ့် ဘက်စ်ကားဂိတ်ကနေဒီအထိ ပြေးလာရတာမို့ တံခါးဝမှာရပ်ပြီးမောဟိုက်နေသည်။ ယုယတို့ အခန်းထဲက ကောင်မလေးအဖွဲ့သည် အမောဖောက်နေတဲ့ ယုယကိုကြည့်ရင်း စကြတော့သည်။

"မောနေတာလား အသက်ငင်နေတာလားဟယ်"

"အဲ့တာကြောင့်မနေ့က ထမင်းတွေအများကြီးမစားပါနဲ့လို့ပြောသားပဲ"

မှန်ပါသည်။ ထိုကောင်မလေးများသည် မနေ့ညကသိင်္ခမွေးနေ့ပါတီမှာတွေ့ခဲ့တဲ့ အရှုပ်ထုတ်မလေးများပင်ဖြစ်သည်။ ယုယသည်သူတို့ကို ခွန်းတုန့်ပြန်ဖို့ အတွေးမရှိပေမယ့် ခပ်တည်တည်နဲ့စိုက်ကြည့်ပစ်လိုက်သည်။ မေသက်ထားသာရောက်နေရင် သူတို့ကိုပြောပစ်လိုက်မှာပဲဟုတွေးမိသည်။ မေသက်ထားမရှိရင် ယုယအတော်အားငယ်ရပါသည်။

ယုယစိုက်ကြည့်လိုက်တဲ့အခါ သူတို့က ရန်စကား​​တွေဆက်မ​ပြော​တော့ပဲ သူတို့တစ်ဖွဲ့လုံး အရှေ့ကိုပြန်လှည့်သွားကြသည်။ ယုယရဲ့မျက်နှာထားက ​ကြောက်စရာကောင်းနေလို့လားလို့ တွေးလိုက်မိပေမယ့် အတွေးများမဆုံးမီ ပုခုံးပေါ်ကိုလက်တစ်ဖက်ရောက်လာသည်။ ပရိတ်ကြိုးလိုကြိုးအနီလေးတွေ၊ ကျောက်စိမ်းပုတီးလေးတွေနဲ့ ရှုပ်ရှပ်ခတ်နေတဲ့လက်တစ်ဖက်ပင်။

ယုယရဲ့ ​ကျောပိုးအိတ်သာ ခံမ​နေရင်သူ့ရင်ခွင်ထဲရောက်နေမှာသေချာသည်။ လှည့်ကြည့်လိုက်တော့ သူကယုယပါးကိုဖွဖွလေးဆွဲလေသည်။ အခန်းထဲကကောင်မလေးတွေကို စိုက်ကြည့်ပြီး သူ့အသံကျယ်ကြီးနဲ့ပြောလိုက်သည်။

အချစ်တစ်ခုတည်းသာကျန်ရစ်တော့မည်Where stories live. Discover now