Chapter 22

789 30 0
                                    

အခန်း ၂၂။ သူငယ်ချင်းအချစ်ပုံပြင်

"သိင်္ခရ...မေ့မှာကြိုက်နေတဲ့သူရှိနေတယ်"

"ဘာ... ကျောင်းကလား ကျူရှင်ကလား ဘယ်ကကောင်လဲ"

"သူရိန်မင်းမော်တဲ့"

"နာမည်ကလည်းစောက်ဆန်းကြီး နာမည်ကြားတာနဲ့တင်စောင့်မြင်ကပ်ချင်စရာကောင်းနေပြီ အဟင်းဟင်း…"

သိင်္ခကကြည်ဝေထွန်းဘက်ကလိုက်ပြီး တစ်​​ပါးလူတစ်ယောက်ကိုမညှာမတာပြောချလိုက်သည်။   

"အေး...အဲ့တာမင်းစော်ရဲ့အစ်ကိုလေ"

"ဟမ်...ဘာကြီး...ဘာ..."

"သူရိန်မင်းမော်က...မင်းယောက်ဖဟ!"

"မေသက်ထားကြိုက်နေတာ ယုယအစ်ကို!?"

"အေးလေ ယုယမင်းမော် သူရိန်မင်းမော် ဦးမင်းမော်ရဲ့သားနဲ့သမီးအရှင်းကြီး"

"ဟ"

ကြည်ဝေထွန်းကပကတိတည်ငြိမ်နေသောမျက်နှာပေးကြီးဖြင့်ခေါင်းငြိမ့်လေသည်။ သိင်္ခကတော့အံ့သြဆွံအလျှက်...။ ကြည်ဝေထွန်းတစ်ယောက်မေသက်ထားအပေါ်ခံစားချက်ရှိနေပါသည်ဟုဝန်ခံတုန်းကလည်းသူအံ့သြရသေးသည်။ အခုတစ်ခါ ကြည်ဝေထွန်းရဲ့အချစ်ဇာတ်လမ်းက သူထင်သလိုမဟုတ်ပဲမေသက်ထားရဲ့လိုသုံးလေးတစ်ယောက်လိုဖြစ်နေတာသိရပြန်တော့ ပို၍အံ့သြရသေးသည်။ ကြည်ဝေထွန်းလိုမျိုး လိုတိုင်းတရနေတဲ့လူက မေသက်ထားမှမဟုတ်ဘူး ဘယ်မိန်းကလေးရဲ့အချစ်ကိုမဆိုအလွယ်တကူလေးရနိုင်မယ်လို့ သိင်္ခထင်ခဲ့သည်။  ယုတ်အယွဆုံးယုယကိုသိင်္ခနဲ့ယှဉ်လုရင်တောင် သူပဲရနိုင်လိမ်မယ်လို့တွေးကာစိုးကြောက်ခဲ့ရတာ သိင်္ခကိုယ်တိုင်အသိဆုံးပါ။ 

အခုတော့သိင်္ခတစ်ယောက်ကိုယ့်အပူကိုကိုယ်ပြန်သိမ်းထားပြီးဘေးနားမှာငူငေါင်နေတဲ့ ကြည်ဝေထွန်းကိုအားပေးရသေး၏။ ဒီရက်ပိုင်းထဲကြည်ဝေထွန်းတစ်ယောက်ကျောင်းမှာရောကျူရှင်မှာပါငေးငေးငေါင်ငေါင်ဖြစ်နေသည်။မေသက်ထားလည်းကျောင်းပျက်နေပြန်ပြီလေ။ ကျောင်းပျက်တဲ့အပြင် ကြည်ဝေထွန်းကိုလည်းအဆက်အသွယ်ဖျက်ထားတော့ သကောင့်ရောဂါကပိုဆိုးပြီပေါ့။ နဂိုတည်းကယွပိုးကိုးဆယ်ထိုးနေတဲ့လူမို့လို့ ရုတ်တရက်ငြိမ်ကျသွားတဲ့အခါ ဘေးကလူတွေမှာစိုးရိမ်ရတော့၏။ 

အချစ်တစ်ခုတည်းသာကျန်ရစ်တော့မည်Where stories live. Discover now