Chapter 6

937 40 0
                                    

အခန်း ၆။ ဖေဖေရေ သမီးနှလုံးသားကိုခိုးသွားတဲ့ကောင်လေးကလေ

"ယုယအိမ်မှာ ညစာလိုက်စားပြီးမှပြန်ပါလား"

"မစားတော့ဘူး အန်ကယ် မေမေကစောစောပြန်လာဖို့မှာထားလို့"

ယုယသည် အနောက်ခန်းမှာထိုင်နေရာက မေသက်ထားနဲ့ သူ့ဖေဖေကြားကိုရောက်လာသည်။ မေသက်ထားက သူ့လက်ထဲက ကန်စွန်းဥဘူးကို ယုယဆီကမ်းပေးလေသည်။ ယုယသည်ဘူးထဲက ခရမ်း​ရောင် ကန်စွန်းဥတစ်စိတ်ကို​ရွေးပြီး ခရင်းနဲ့ထိုးစားလိုက်သည်။

ပြုတ်ထားတာမဟုတ်ပဲ မီးသွေးနဲ့ကင်ထားတာကြောင့် ကန်စွန်းဥမီးဖုတ်အနံ့လေးက သင်းနေသည်။ ဘူးထဲမှာ ကန်စွန်းဥ​လေး​တွေက ​ရွှေဝါတစ်စိတ် ခရမ်း​သွေးတစ်စိတ်နှင့်၊ နူးအိနေတဲ့ကန်စွန်းဥ​လေး​တွေအ​ပေါ် ပဲဆီမွှေးကိုပါဆမ်းထားပြီး နှမ်းထောင်းလေးနဲ့လူးထားတာကြောင့် အရသာပြည့်စုံရုံတင်မက အနံ့နဲ့တင်သွားရေယိုချင်စရာ မွှေးပြီးသင်းနေတော့သည်။

ယုယတို့သည် ကျူရှင်အချိန်ပိုတတ်ရသည့်နေ့များတွင် ပုံမှန်ကျောင်းတက်ရက်ထပ်နှစ်ဆပင်ပန်းသည်။ ကျူရှင်ဆင်းပြီဆိုရင် ဗိုက်တွေဆာပြီး လူကဟပ်ဟပ်ထိုးနေပြီ။ မေသက်ထား ဖေဖေက ယုယတို့အကြောင်းကောင်းကောင်းသိသည်။ ကျုရှင်လာကြိုရင် အဆာ​ပြေမုန့်ဘူးတစ်ဘူး အမြဲထည့်လာပေးသည်။

"ဒါဆိုနောက်နေ့ အိမ်လာလည်ဦး​လေ ယုယစားချင်တာ အန်ကယ်ချက်ကျွေးမယ်"

ယုယအိမ်က ​မေသက်ထားအိမ်၊ ​မေသက်ထားအဖေက ယုယဦးလေးလို၊ ရင်းနှီးကြတာမို့ တစ်​ယောက်နဲ့တစ်​ယောက်က အားနာစရာမရှိ။ ယုယတို့ကတော့ တစ်အိမ်ဝင်တစ်အိမ်ထွက်နဲ့ ဝင်ရောက်စားသောက်မြဲပင်။ မေသက်ထားရဲ့ဖေဖေက အင်မတန်သဘောကောင်းသည်။ ယုယတို့ကိုအလိုလိုက်ပြီး စားချင်တာမှန်သမျှ သူကိုယ်တိုင်ချက်ကျွေးတတ်သည်။

"လာလည်မယ် လာလည်မယ် ယုယဟိုတစ်ခါအန်ကယ်လုပ်ပေးတဲ့ ဘိန်းမုန့်ထူထူ​လေးစားချင်နေတာ"

"ဟုတ်လား ယုယအားရင်လာခဲ့ အန်ကယ် ဘိန်းမုန့်လုပ်ပေးမယ်"

"မိန်းမ ညည်းနော် ငါ့ဖေဖေကိုညာခိုင်းနေတယ်"

အချစ်တစ်ခုတည်းသာကျန်ရစ်တော့မည်Where stories live. Discover now