Chapter 5

982 42 0
                                    

အခန်း ၅။ ဘယ်သူက မကြိုက်ဘူးပြောလို့လဲ

နေပူပူ၊ လေပူပူတိုက်နေသည့် နေ့လည်သုံးနာရီအချိန်တွင်ခြံဝန်းတစ်ခု​ရှေ့၌ လူကြီးဟန်ဆောင်နေသော ဆယ်သုံးလေးနှစ်အရွယ် ကလေးငယ်များစုရုံးနေကြသည်။ ကျောပိုးအိတ်ကိုယ်စီ ​ရေသန့်ဘူးကိုယ်စီနှင့် သူတို့သည် ကျူရှင်အချိန်ပိုတတ်ရန်ရောက်နေကြသူများဖြစ်ကြသည်။

"ဟိုရက်​တွေက နင်တို့​ကျောင်းမှာ သိင်္ခကျော်စွာနဲ့ Section E က ယုယမင်းမော်ဆိုတဲ့ တစ်ယောက်ရန်ဖြစ်ကြတာအကြီးအကျယ်ပဲဆို"

မိန်းကလေးတစ်ယောက်က သူ့သူငယ်ချင်းတွေဆီ ဤသို့စကားစလိုက်သည်။

"ယုယမင်း​မေယ်ဆိုတာ ဟိုသနပ်ခါး​တွေအများကြီးနဲ့ Section E ​ရှေ့ဆုံးတန်းမှာထိုင်တဲ့ စာကြမ်းပိုး​လေး​လား"

"အေး...​အေး...ကလေးရုပ်လေးနဲ့သူပေါ့ မနက်ကတောင်ကျောင်းမှာ သိင်္ခ့လက်ကိုကိုက်ပစ်လိုက်တာအကွင်းလိုက်ကြီး"

"ဟယ်....ထင်မထားဘူး သူ့ကိုအငြိမ်လေးလို့ထင်တာ"

"ပြီးတော့ သိင်္ခလွယ်အိတ်ကိုလည်း အမှိုက်တောင်းထဲထည့်ပစ်​သေးတာ"

"ဟယ် ဘယ်လိုတောင်"

"သိင်္ခက အဲ့အိတ်ကို​ကျောင်းဆင်းတဲ့အထိ သွားမကောက်ဘူး"

"​ဒေါ်ခင်ခင်သောင်းကြီးပါ ကြိမ်လုံးကိုင်ပြီးအတန်းထဲ​ရောက်လာပြီး နှစ်​ယောက်လုံးနားရွက်ဆွဲ​ခေါ်သွားရတယ်။ ငါတို့အတန်းထဲ​မှာမနက်က ပွဲကြီးပွဲကောင်းပဲ"

"ဒေါ်ခင်ခင်သောင်းက နင်တို့ကျောင်းက ၈တန်းအတန်းမှုးမဟုတ်လား၊ အရမ်းကြမ်းတာဆို"

"အေး ဟုတ်တယ် နားနေခန်းခေါ်သွားပြီးပြန်လာ​တော့ ယုယမင်းမော်ထိုင်ငိုပါလေရော"

"သူကလည်းလုပ်တုန်းကလုပ်ပြီး ဘာလို့ငိုရတာလဲ"

"အဲ့လိုပါဆို... စိတ်ပျက်စရာကြီးပါဟယ်"

ဆရာ မလာ​သေးလို့ ကျူရှင်တံခါးမဖွင့်သေးတာနဲ့ ​အရှေ့ကဗန်ဒါပင်အောက်မှာ အရိပ်ခိုရင်း ဝိုင်းစုပြီးအတင်းပြောနေကြခြင်းဖြစ်သည်။ အဖွဲ့များ​နေရခြင်းက အချိန်ပို​ခေါ်ထားတဲ့ Section Cနဲ့ E နှစ်ခုကကျောင်းသား၊ကျောင်းသူတွေစုံနေချိန်ဖြစ်၍ဖြစ်သည်။

အချစ်တစ်ခုတည်းသာကျန်ရစ်တော့မည်Where stories live. Discover now