Chapter 25

861 33 3
                                    

အခန်း ၂၅။ ​နောက်ဆုံးညစာ

"နင်ဘာစားမလဲ ​မေ..."

menuကဒ်ပြားချထားပြီး​ရှေ့မှာထိုင်​နေတဲ့​မေသက်ထားကိုကြင်ကြင်နာနာကြည့်ကာ ကြည်​ဝေထွန်း​မေးလိုက်သည်ဒီ​နေရာမှာ​ကြည်​ဝေထွန်းကိုရင်းနှီး​နေကြသူများက​တော့ သတိထားမိနိုင်ပါသည် ဟိုအရင် မေသက် ဟုနာမည်နှစ်လုံး​ခေါ်​နေကျရာက ယခု ​မေဟုတစ်လုံးတည်း အဖျားစွပ်​ခေါ်လိုက်သည်​လေ။ ကိတ်မုန့်တစ်လုံးကိုအရသာမြည်းသလိုပဲ ​မေသက်ထားရဲ့နာမည်​လေးကိုသူ့ပါးစပ်ထဲမှာ အမျိုးမျိုး​ခေါ်ရတာကို ကြည်​ဝေထွန်းအရသာ​တွေ့​နေမိပါသည်။ ​မေသက်ထားရဲ့မိဘ​တွေက နာမည်​ပေးတာသိပ်​တော်တာပဲဟု သူ့စိတ်ထဲကြိတ်၍ချီးမွန်း​နေခဲ့တာကြာပြီ။

​ကိတ်မုန့်ရဲ့အ​ပေါ်မှာတင်ထားတဲ့ ချယ်ရီသီးက​လေး​တွေဟာ ချိုမြမြအရသာရှိသလိုပဲ ​မေသက်ထားရဲ့နာမည်အစစာလုံး​လေးကို ​မေ...ရယ် ဟု ​လေး​လေးပင်ပင်စွဲ​ခေါ်ရတာက အရသာရှိသည်။ နာမည်ကို​ခေါ်လိုက်ရုံနဲ့ အကြင်နာ​တွေတိုးလာသလို...​ဝေး​နေရတဲ့​နေ့​တွေမှာ လွမ်း​နေမိမယ့်နာမည်က​လေးဖြစ်ပါ၏။

ကိတ်မုန့်ရဲ့ အ​ပေါ်က​ချောကလပ်ယို​လေးဟာ ခါးစိမ့်စိမ့်အရသာရှိတဲ့သ​ဘောအတိုင်း ကိတ်မုန့်ရဲ့အရသာကိုပို၍ထူးခြားသွား​စေသလို သူငယ်ချင်း​တွေထဲမှာ​ရော သူ့မိသားစု၀င်​တွေထဲမှာပါ ​မေသက်ဟူ၍နှစ်လုံးတွဲ​ ​ခေါ်ဖူးတဲ့သူမရှိပါ။ ထို့​ကြောင့်ဤသို့ခေါ်လျှင် ထူးခြားလိုက်ဖက်ညီလှတဲ့​ပေါင်းစပ်မှုစာလုံးတွဲက​လေးက ကြည်​ဝေထွန်းတို့ကို ထူးထူးခြားခြားရင်း နှီးမှုရှိ​နေတဲ့လူနှစ်​ယောက်လိုခံစားရပြန်သည်။

တဖန် ​မေသက်ထားရဲ့နာမည်မှာကြည်​ဝေထွန်းအကြိုက်ဆုံးစကားလုံးသည် သက်ထား ဟူသည့်စကားလုံးတွဲက​လေးဖြစ်သည်။ ​လေးနက်သည့်စကားလုံး​လေးဖြစ်၍ ကြည်​ဝေထွန်းဆိုသည့်အကျွန်ုပ်မှာ သူမှလွဲရင် အခြားဘယ်သူမှမရှိ​တော့ပါဟု ​ကြေညာလိုက်သလို နာမည်က​လေး​ခေါ်ရုံနှင့် ဒီမိန်းက​လေးဟာ အကျွန်ုပ်၏အသက်တမျှချစ်ရသူပါဟု ဖွင့်ဟ၀န်ခံလိုက်သကဲ့သို့။ တစ်ချိန်.... ​မေဟာကြည်​ဝေထွန်းရဲ့​ကောင်မ​လေးဖြစ်လာတဲ့တစ်ချိန်မှာ ​မေ့ကို ထိုသို့​ခေါ်မည်ဟု​တွေးထားပါသည်။

အချစ်တစ်ခုတည်းသာကျန်ရစ်တော့မည်Where stories live. Discover now