Chapter 10

959 37 0
                                    

၉။ ဘယ်သူကအစစ်အမှန်လဲ

သူရိန်မင်း​မော်သည် မိုးမလင်းခင်တည်းက သူငယ်ချင်းများနှင့် အိမ်ထွက်သွားလိုက်တာ မနက်ဆယ်နာရီကျော်မှ အိမ်ကိုပြန်ရောက်လာခဲ့သည်။ သူပြန်ရောက်လာချိန်တွင် ဖေဖေကရုံးသွားပြီးဖြစ်ပြီး မေမေလည်းအလုပ်ကိုသွားပြီဖြစ်သည်။ မီးဖိုထဲမှာတော့ အကြူနှင့်မိလတ်က ကြီးကြီးကိုကူညီကာ ​နေ့လည်စာချက်ဖို့ပြင်နေကြသည်။

သူရိန်မင်းမော်က မီးဖိုထဲကိုရောက်လာပြီး ငရုပ်သီးထောင်းနေတဲ့ မိလတ်ကိုလှမ်းပြောလိုက်သည်။

"မိလတ် အစ်ကို့ကိုရေတစ်ခွက်ယူလာ​ပေး...အာ...သံပုရာရေ​​ပါ​ဖျော်လာခဲ့"

"ဟုတ်..အစ်ကို"

"မနက်စောစောစီးစီး ဘာလို့သံပုရာရေလဲ ကိုကိုရေ"

ကြီးကြီးက ဟင်းအိုးကိုအကြူ့ဆီလွှဲပြီး သူရိန်မင်းမော်ကို လှမ်းပြောလိုက်သည်။ တစ်အိမ်လုံးက ယုယခေါ်သလိုလိုက်ခေါ်ကြတာမို့ သူရိန့်ကို မေမေအပါအဝင် ၊ ကြီးကြီးကအစ၊ မိလတ်အဆုံး၊ အိမ်ကကားဒါရိုက်ဘာကြီးဦးအောင်​ရော၊ ဖေဖေ့တပည့်ကိုထင်းကပါ ကိုကို (သို့) အစ်ကိုဟုခေါ်ကြသည်။

ကြီးကြီးအသံကြားတော့ သူရိန်မင်းမော်က မီးဖိုထဲကထွက်သွားဖို့ပြင်ပြီးမှ ပြန်ဝင်လာသည်။ ကြီးကြီးရဲ့တင်းကြပ်လှတဲ့ စည်းကမ်းတွေထဲမှာ အစားအသောက်ကို အချိန်နဲ့နေရာကိုလိုက်ပြီး စားသောက်တာတစ်ခုကလည်း အ​ရေးကြီးတဲ့ကဏ္ဍမှာ အပါအဝင်ဖြစ်သည်။

"သားမနက်စာစားခဲ့တာ အငံတွေများလို့ ခေါင်းမူးနေသလိုပဲ"

"အဲ့တာကြောင့် အိမ်မှာပဲစားပါဆိုတာကိုနားမထောင်ဘူး၊ မင်းတို့ဘယ်​လောက်​ကောင်းတဲ့ ဆိုင်မှာစားစား ဟိုတယ်မှာပဲစားစား အိမ်ကအစားအသောက်က အကောင်းဆုံးပဲမှတ်ထား အိမ်မှာချက်တဲ့အစားအစာက ဘယ်​တော့မှ ဥပါဒ်မဖြစ်ဘူး၊ အန္တရာယ်ကင်းတယ်..."

"အိမ်မှာပဲစားချင်ပါတယ် ကြီးကြီးရဲ့ မနက်ကဖူဆယ်ကွင်းချိန်းပြောင်းတဲ့ ကိစ္စကြောင့်လိုက်သွားရင်းနဲ့ သူငယ်ချင်း​တွေနဲ့အတူ မနက်စာပါစားလာလိုက်တာ။ ညနေကျရင်လည်း အပြင်ထွက်ရမှာ ဒီ​နေ့ဟိန်းခန့်​နှုတ်ဆက်ပွဲ​လေ"

အချစ်တစ်ခုတည်းသာကျန်ရစ်တော့မည်Where stories live. Discover now