Chapter 30

1.1K 56 11
                                    

_____JAN_____

ဇန်န၀ာရီလ ဒုတိယအပတ်မှာ ကျူရှင်​တွေလုံး၀ရပ်လိုက်ပြီ။ ဘယ်ကျူရှင်မှလည်း မဖွင့်​တော့သလို… ဖွင့်​နေ​​သေးတဲ့ ဘယ်ကျူရှင်ကိုမှလည်းမသွား​တော့ဘူး။ ဇန်န၀ာရီလက်ကျန်နှစ်ပတ်နဲ့ ​ဖေ​ဖော်၀ါရီလထဲက ရက်​တွေကို စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့​နေ့​တွေလို့ ရတီက​ပြောတယ်။ သိင်္ခတို့အဖို့​တော့ ဆယ်ဆ၊ အဆတစ်ရာတိုးစိတ်ကျဥ်းကြပ်ရတဲ့​​နေ့​တွေ​ပေါ့။တကယ့်ကိုစစ်ပွဲတစ်ပွဲနွှဲရ​တော့မယ့် စစ်သား​တွေလိုပဲ။

အဲ့ဒီ့​နေ့​​တွေထဲမှာသိင်္ခတို့ စားချင်တာစားလို့မရ​တော့ဘူး။ diet plan တစ်ခုနဲ့ပဲစားရတယ်။ မနက်စာ နွားနို့ သို့မဟုတ် ​ကွေကာတစ်ခွက်ကို အတင်းမြိုချရတယ်။ ​နေ့လည်စာ၊ ညစာ​တွေမှာ ငါးရယ်၊အသားရယ်၊ အသီးအရွက်​တွေရယ် အကုန်ပါ​အောင်စားရတယ်။ တစ်ခါတ​​လေ ပဲ​တွေကိုတစ်ပန်းကန်ကြီးမကုန်ကုန်​အောင်စားရတယ်။ အ​မေဆိုရင် သိင်္ခတို့ဖို့ဆိုပြီး ပုံစံခွက်စတီးပန်းကန်ပါ၀ယ်လာတာ။

အဲ့လိုဆိုပြီးကြက်ဥတို့ ဘာဥတို့ကျ​တော့ ထိ​တောင်မထိခိုင်းဘူး၊ အိမ်မှာကို၀ယ်မထားရဘူး။ ဥမကွဲမှာစိုးလို့တဲ့၊ အခြားအဓိပ္ပါယ်မရှိတဲ့ ကိစ္စ​တွေကိုလည်းအစအ​န​ကောက်ပြီး လုပ်ရတယ်၊ မလုပ်ရဘူးနဲ့ ။ ကြည်​ဝေထွန်းတို့အိမ်​ရော သိင်္ခတို့အိမ်မှာပါ ဓါတ်ပူးသလိုလို၊ နတ်ရူးသလိုလိုနဲ့။ ဘယ်ဘုရားသွားပြီးဘာပွဲ​ပေးတာ​တွေဆိုတာကလည်း သိင်္ခတို့သာမသိလိုက်တာ သူတို့လူကြီးချင်အလုပ်​တွေကိုရှုပ်​နေတာ… အိမ်ကဘုရားမှာလည်း အရင်ကဆိုဘုရားပန်း​တွေ​ဝေ​ဝေဆာဆာ အခု​တော့ ​အောင်သ​​ပြေ​တွေချည်းကပ်လို့ စိမ်းစို​နေတဲ့​တောအုပ်ကြီးအတိုင်းပဲ။

အစားအစာနဲ့တင် မပြီး​သေးဘူး၊ တ​နေ့တ​နေ့​ရောဂါသည်ကြီးတစ်​ယောက်လို ​ဆေး​တွေလှိမ့်​သောက်ရတာမနည်းဘူး၊ ငါး​​ကြီးဆီက​နေစပြီး ဟိုဆရာ၀န်ညွှန်တာတိုက် ဒီဆရာ၀န်ညွှန်တာတိုက် ပြီးရင်ဓါတ်​ဆေး​တွေလည်း​​ သောက်ရ​သေးတယ်။ လူကအာဟာရဓါတ်​တွေလွန်ကဲပြီးလျှံထွက်​နေပြီ။

တ​နေ့တ​​နေ့ မနက်မိုးလင်းက​နေညမိုးချုပ်တဲ့အထိ စာကျက်၊ စာလုပ်၊သင်္ချာတွက်၊essay​ရေး(essayနဲ့စာစီစာကုံးကိုတ​နေ့တစ်ပုဒ်​လောက်​ရေးရတယ်) ဘိုင်အို​တွေ​ချရေး၊ ပုံ​တွေဆွဲ(ကြည်​ဝေခွန်းကဒီ​နေရာမှာသာတယ်) သူကဘိုင်အိုမဟုတ်လို့သက်သာတယ်။ ​မေးခွန်း​ဟောင်း​တွေတစ်နှစ်ပြီးတစ်နှစ်​ဖြေ၊ ရတီက​မေးခွန်း​ဟောင်း​ဖြေရင်တကယ့် စား​မေးပွဲ​ဖြေသလို​ဖြေခိုင်းတာ၊ ပြီးရင်တကယ်ကြပ်ကြပ်တည်းတည်းစစ်တာ။ သူ​ပြောတယ် သူ့တုန်းက​တောင်ဒီ​လောက်ထိမလုပ်ခဲ့ဘူးတဲ့။

အချစ်တစ်ခုတည်းသာကျန်ရစ်တော့မည်Where stories live. Discover now