Chapter 4

1K 51 0
                                    

အခန်း ၄။ နာနတ်သီးနဲ့ဒူးရင်းဟာ သူငယ်ချင်းတွေပါ။

သိင်္ခကျော်စွာက အခန်းတံခါးကိုမှီရပ်နေပြီး အဆောင်အောက်ကို လှမ်းကြည့်နေသည်။ နေ့လည်ခင်းမုန့်စားဆင်းချိန်ခဏ မုန့်စားဆောင်နဲ့အဆောင်ကို အသွားအပြန်လုပ်နေသူများ ရှုပ်တွေးနေသည်။ သည်ကြားထဲ ရတဲ့အချိန်နာရီဝက်​လေးကို အဆောင်ရှေ့မှာရသလို ​ဘောလုံးတစ်ပွဲကန်နေကြတဲ့သူငယ်ချင်းများလည်းရှိ​နေသည်။

အိနြေ္ဒမိုးက ​​အောက်ကို​ငေး​နေတဲ့ သိင်္ခရဲ့ပုခုံးကိုပုတ်လိုက်သည်။

"ဟိတ်!"

"အင်း"

သိင်္ခက အိ​နြေ္ဒမိုးကို ဖျက်ခနဲလှည့်ကြည့်ကာ သူ့ကြည့်နေရာကို ပြန်လှည့်သွားပြီးမှ အာလုပ်သံနဲ့ပြန်ဖြေသည်။ သိင်္ခကျော်စွာသည့ သူလိုချင်တာမရှိရင် တပါးလူကို ဂရုစိုက်သည့်​ကောင်မဟုတ်ပါ။ သူလိုချင်ရင်တော့လား သဲကြီး သဲကြီးနဲ့။

"မွေးနေ့ရှင်ကြီး....ဘာကျွေးမှာလဲ"

"ဘာစားချင်လဲ"

"ပီဇာ"

"အင်း....အိမ်လာခဲ့လေ"

အိနြေ္ဒမိုးက သိင်္ခနဲ့မျက်နှာချင်းဆိုင် တစ်ဖက်တံခါးဘောင်မှာ ကျောမှီပြီးရပ်လိုက်သည်။ သိင်္ခကမုန့်စားဆောင်နဲ့အတန်းထဲကို သွားလာကူးလူးနေတဲ့လူတွေဆီကနေအကြည့်လွှဲပြီး အိနြေ္ဒမိုးဘက်လှည့်လာသည်။ အိနြေ္ဒ့မှာသူ့ကိုအကြည့်ချင်းစုံဖို့ မဝံ့ရဲ​တော့ပဲ ကြမ်းပြင်ပေါ်ကိုလွဲထားလိုက်ရသည်။

"သိင်္ခ....နင့်မွေးနေ့က ပဲခူးအိမ်မှာလုပ်မှာဆို"

"ဟုတ်တယ် ပဲခူးကို လာခဲ့လေ၊ နင်လိုက်မယ်ဆို ကားနဲ့ဝင်ခေါ်မယ်"

အိနြေ္ဒတစ်​ယောက် ပြုံးမိကာ သိင်္ခကိုမော့ကြည့်လိုက်သည်။ အကြည့်တွေဆုံခိုက်မှာ သိင်္ခက မျက်လုံးပင့်ပြလာသည်။ အိနြေ္ဒကမူရာပိုကာ နှုတ်ခမ်းစူလိုက်ပြီး ခပ်ညီးညီးလေးဆိုလိုက်သည်။

"လိုက်ချင်​ပေမယ့် ပိတ်ရက်ကျရင် ဂိုက်ရှိတယ်ဟ"

"နင်က​လောဘကြီးတာကိုး ဘယ်သူမှရှစ်တန်းနဲ့ဂိုက်မယူဘူး"

အချစ်တစ်ခုတည်းသာကျန်ရစ်တော့မည်Where stories live. Discover now