Chapter 33

1.5K 68 12
                                    

အခန်း ၃၃။ အကြံသမားနှစ်​ယောက် ၂

“နှာ​ခေါင်းရိုးကျိုးသွားတာမဟုတ်လို့စိတ်မပူပါနဲ့…ဒီကြားထဲမှာ​တော့ နှာ​ခေါင်းကို​သေချာဂရုစိုက်​ပေးရမယ်​နော်…နှပ်ညှစ်တာတို့နှာ​ချေတာတို့တတ်နိုင်ရင်မဖြစ်​အောင်​ရှောင်​ပေး…”

“ဟုတ်ကဲ့​ဒေါက်တာ…”

သူ့မျက်နှာ​​လေးကငိုမဲ့မဲ့နဲ့ဆရာ၀န်ကိုကြည့်လိုက်…သိင်္ခကိုကြည့်လိုက်နဲ့…။ ​မေသက်ထားကို​ဆေးသွား၀ယ်ခိုင်းလိုက်တာမှန်သွားသည်။ အခုဆိုရင်သူသိင်္ခကို​ပေးလာတဲ့ အားကိုးတကြီးအကြည့်နဲ့မျက်လုံး​လေး​တွေက သိပ်ကိုချစ်စရာ​ကောင်း​နေတာမို့လို့ ဓါတ်ပုံရိုက်ပြီးသိမ်းထားချင်​နေမိပြီ…။ ယုယငိုရင်ချစ်စရာ​ကောင်းတာသိ​ပေမယ့် သိင်္ခအ​ရှေ့မှာသူငိုသမျှက သိင်္ခတို့နှစ်​ယောက်ရန်ဖြစ်လို့၊ သိင်္ခစလိုက်လို့၊ ဆရာမဆူလိုက်လို့၊သူစိတ်ဆိုးပြီး၊၀မ်းနည်းသွားလို့ပဲ..

အားကိုးတကြီးကြည့်​နေတဲ့သူ့လက်က​လေး​သေး​သေး​လေး​တွေကိုဆုပ်ကိုင်ကာ ပြုံးလျှက်ဆိုလိုက်သည်။ 

“ဘာမှမဖြစ်ပါဘူး”

ဆရာ၀န်က သိင်္ခ​အသံကြောင့် ယုယကိုလှည့်ကြည့်ပြီးနှစ်သိမ့်သည်။

“ဘာမှမဖြစ်ပါဘူးနှာ​ခေါင်းကရှပ်ပဲထိသွားတာဒီဘက်ပါးက​တော့​ယောင်လာလိမ့်မယ် အရှိန်နဲ့ရိုက်မိတာဆို​တော့ဒဏ်ဖြစ်သွားတာ​ပေါ့…”

​ဆေးခန်းကို​ရောက်ကတည်းက အငိုရပ်သွား​ပေမယ့်ဘာမှမ​ပြောနိုင်​သေးဘူး။ တအားငိုထား​တော့မျက်နှာတစ်ခုလုံးနီရဲ​နေတာဒဏ်ရာရထားတာဘယ်​နေရာလဲဆိုတာ​တောင်​ပြောရခတ်တယ်။ 

“​ဆေးထိုး​ပေးထားတယ်၊ ​သောက်​ဆေး၊လိမ်း​ဆေးလည်း​ပေးလိုက်မယ်”

သိင်္ခရဲ့ကျူရှင်ဆရာအ​ယောင်​ဆောင်ကားဒါရိုက်ဘာကိုဆရာ၀န်က​ပြောစရာရှိတာ​​ပြောပြီး​ဆေးညွှန်း​ပေးလိုက်သည်။​​မေသက်ထားနဲ့အတူဆေးဆိုင်မှာ​ဆေး​တွေ၀ယ်ပြီးတဲ့အထိသိင်္ခရဲ့ကားဒါရိုက်ဘာကအကုန်လုပ်​ပေးသွားသည်။ယုယကို​တော့နား​နေ​ဆောင်​လေးမှာစိတ်ငြိမ်တဲ့အထိခဏနား​နေခွင့်​ပေးထားသည်။

အချစ်တစ်ခုတည်းသာကျန်ရစ်တော့မည်Where stories live. Discover now