Chapter 14

837 39 4
                                    

အခန်း ၁၆။ အချစ်သစ်ဇာတ်လမ်းသစ်

"ကိုကြီး..စနေနေ့ကြရင်လေ မြန်မာစာဆရာကအတန်းမဝင်ဘူးတဲ့၊ ညီမလေးတို့မုန့်သွားစားလို့ရတယ်"

စာအုပ်တွေသိမ်းရင်း သက်ထားကျော်က တတ်ကြွစွာဆိုလေသည်။ သူရိန်တို့ရဲ့ချိန်းတွေ့လို့ရတဲ့အချိန်များက ရှားရှားပါးပါးကျူရှင်ပိတ်သည့်ရက်များနဲ့၊ အသွားအပြန် အကြိုအပို့လုပ်ချိန်လောက်သာရှိသည်။ သူ့ခေါင်းလေးကို ပုတ်လိုက်တော့ ​ခေါင်းလေးပုပြီး ​ပြောင်​ချော်​ချော်လုပ်ပြသည်။ 

သီတင်းကျွတ်ကျောင်းပိတ်ရက်မတိုင်ခင်တည်းက ခွင့်ယူထားတာမို့ ဒီနေ့မှသူရိန်တို့ပြန်တွေ့ရခြင်းဖြစ်သည်။ စာသင်နေရင်း တစ်ယောက်ကိုတစ်ယောက်ခိုးကြည့်နေကြတာနဲ့ အကြည့်ချင်းဆုံရင် ခဏခဏရယ်နေရသည်။ အခြားချစ်သူတွေဆိုရင် ဒီနေရာမှာ တစ်​ယောက်နဲ့တစ်​ယောက် ဖတ်ထားကြမလားမသိ။ သူရိန်တို့အတွဲမှာတော့ လက်ကိုင်သည့်အဆင့်ပဲရှိပါ​သေးသည်။ ဒီ့ထပ်လည်းတတ်လို့မရ၊ မတတ်သင့်သေးပါ။

သက်ထားက သူ့ခေါင်းပေါ်မှ သူရိန့်လက်ကိုယူကာ ဆုပ်ကိုင်ထားသည်။ စာကြည့်ခန်းထဲမှာ စောင့်နေတဲ့ အဖွားမရှိလို့ဖြစ်မည်။ သူရိန်လည်း သူ့လက်လေးကိုပြန်ပြီး ဆုပ်ကိုင်​ထားလိုက်သည်။ 

"အင်း...ဘာစားချင်လဲစဉ်းစားထား"

"ဟုတ်! !"

သူ့စားပွဲအောက်က အိတ်တစ်ခုထုတ်ပြီး စားပွဲပေါ်တင်ပေးသည်။ အိတ်ထဲကဘူးလေးတစ်ခုနဲ့ ဘူးထဲကပုဆိုးနှင့် ရှပ်အင်္ကျိအဖြူတစ်ထည်ထုတ်လိုက်သည်။

"ကိုကို့အတွက်လား.." 

"​ဟုတ်တယ်...သီတင်းကျွတ်တုန်းက ကန်တော့ဖို့ဝယ်ထားတာ ကိုကြီးကသက်ထားကို စိတ်ဆိုးသွားတော့..."

ခွင့်မယူခင်ရက်က သူရိန်တို့စကားများကြသေးသည်။ စာမေးပွဲဖြေထားသည့်အမှတ်ကနည်းနေသည့်အပြင် အိမ်စာလည်းမလုပ်ထားတာကြောင့် လက်ဖဝါးကိုဂျယ်လီပေတံနဲ့ သုံးချက်ရိုက်ခဲ့သည်။ 

သက်ထားက အမြဲအရိပ်အကဲကြည့်နေတတ်တာကြောင့် သူရိန်တစ်ခုခုဖြစ်နေရင်သူအမြဲသိသည်။ ဒီ့ထပ်ပိုလုပ်နိုင်ရဲ့သားနဲ့ မလုပ်တာမို့ အားစိုက်ထုတ်မှုပိုရှိလာအောင်ဆုံးမခဲ့ခြင်းဖြစ်တာကြောင့် သူ့ရိန့်မှာစိတ်ဆိုးခြင်း၊ ဒေါသထွက်ခြင်းလည်းမရှိပါ။ 

အချစ်တစ်ခုတည်းသာကျန်ရစ်တော့မည်Waar verhalen tot leven komen. Ontdek het nu