Chapter 41

1K 73 22
                                    

အခန်း ၄၁။ လွန်ခဲ့တဲ့​နွေရာသီ​တွေမှာနင်ဘယ်လိုလူလဲငါသိခဲ့ရတယ်

ဆိတ်ငြိမ်ရပ်ကွက်တစ်ခုရဲ့လမ်းကြား​လေးထဲကို သိင်္ခရဲ့ကား​လေးချိုး၀င်လာခဲ့သည်။ သင်္ကြန်မိုးမရွာ​သေးတာမို့ ပိ​တောက်ပင်များက တစ်ပင်လုံးရွက်နု​တွေ​ဝေပြီး ​စိမ်းလန်း​တောက်ပ​နေသ​လောက် ငု၀ါ​တွေက​တော့သူတို့အလုပ် သူတို့လုပ်ကြရင်း လမ်းကြား​လေးထဲမှာ​ဝေ​ဝေဆာဆာပွင့်ဖူး​နေကြပြီဖြစ်သည်။လမ်းနာမည်ကပိ​တောက်ရိပ်တဲ့…ပိ​တောက်ပန်း​တွေမရှိ​သေးချိန်လမ်းက​လေးကိုအလှဆင်​ပေး​နေကြသူများကငုဝါများဖြစ်ကြ​​တော့ အခုချိန်မှာ ငု၀ါလမ်းသွယ်လို့​သာ​ခေါ်သင့်ပါသည်။ 

ဒီလမ်းကြား​လေးထဲ​ရောက်လာတိုင်း စိတ်ထဲမှာငြိမ်းချမ်းသွား​လောက်​အောင် အလှတရား​တွေနဲ့ထုံမွှန်း​နေသည်။ ဒီလမ်းကြား​လေးထဲ​မောင်းနှင်လာရတဲ့ မိနစ်ပိုင်းက​လေးမှာရတဲ့ ရင်ထဲကကြည်​လင်​အေးမြချမ်း​မြေ့ခြင်း​တွေကို သိင်္ခ​တော့သိပ်သ​ဘောကျမိပါသည်။စိတ်ကူးယဥ်ပုံပြင်ထဲကလမ်းက​လေးဖြစ်​နေလို့လား၊ တစ်​ယောက်​သောသူရဲ့အိမ်ကိုအ​ရောက်သွားရာ အတိုဆုံးလမ်းဖြစ်​နေ၍လား​တော့မသိပါ။ 

နှစ်မျိုးစလုံး​ကြောင့်ဖြစ်နိုင်ပါသည်။ နှစ်မျိုးစလုံး​ကြောင့်ပဲဖြစ်ပါလိမ့်မည်။ သိင်္ခရဲ့ကားချိုး၀င်လိုက်ပြီးမကြာခင်လမ်းကြား​လေးထဲက​နေထွက်လာတဲ့မိန်းက​လေးတစ်​ယောက်နှင့်ဆုံသည်။ ငု၀ါ​တွေအလှကြီးလှ​နေတဲ့ လမ်းကြား​လေးထဲမှာ ငု၀ါ​ရောင်ဂါ၀န်က​လေး၀တ်ထားသည့်သူက အပင်​ပေါ်က​ကြွေကျလာတဲ့ ပွင့်ဖက်က​လေးတစ်ခုလိုပဲ။ နုနုယွယွလှပတင့်တယ်​ပေသည်။ ထိုမိန်းက​လေးကို အာရုံစိုက်မိလိုက်တာနဲ့တစ်ပြိုင်နက်မျက်လုံးမလွှဲမိ​အောင်​ငေး​မောမိသွားပြီ။သိင်္ခကိုယ်တိုင်​တောင်မသိလိုက်မသိဘာ့သာ ပြုံးလိုက်မိပြီ။ 

ဂါ၀န်ကဒူး​အောက်ထိရှည်​ပေမယ့်မြန်မြန်သွက်သွက်လှမ်း​နေတာမို့တစ်ခါတရံ​ခြေလှမ်း​တွေအလစ်မှာ ဖြူ၀င်းနူးညံ့တဲ့လှပခြင်း​တွေဟာလှစ်ခနဲ ​ပေါ်လွင်သွားရသည်။​ခြေတိုက​လေးလို့အမြဲစ​နေခဲ့တဲ့ကြောင်​ပေါက်က​လေးမှာသွယ်လျှတဲ့​ခြေတံ​တွေရှိတာကိုလည်းသူသတိထားမိတာကြာပါပြီ။ကြက်​သွေး​ရောင်ထီးအနီက​လေးကသူ့မျက်နှာကိုမမြင်​လောက်​အောင်ခပ်ငိုက်ငိုက်​စောင်းထားသည်။ ဒါ​ပေမယ့်ကျစ်ဆံမြှီးအတိုက​လေးမှာ ငု၀ါ​ရောင်ကလစ်က​လေးပန်ထားတာကအစ နှုတ်ခမ်းပါး​လေးမှာပန်းနု​ရောင်က​လေးချယ်သထားသည်အဆုံး တစ်ခါလှမ်းကြည့်လိုက်မိရုံနဲ့သိင်္ခသတိထားမိသည်။ရန်ကုန်မြို့မှာ​စော်အလန်း​လေး​တွေအများကြီးရှိရက်နဲ့ဘာလို့သူတစ်​ယောက်ကိုမှနှစ်ခါပြန်​ငေးမိတာလဲ…။ တစ်​ယောက်​သောသူလို့ သိင်္ခသုံးနှုံးမိပါသည်။ သူနဲ့ပက်သက်ရင် ​သေးငယ်တဲ့အရာ​လေး​တွေကအစ မြတ်နိုးတွယ်တာမိတဲ့ တစ်​ယောက်တည်း​သောသူပါ…။ 

အချစ်တစ်ခုတည်းသာကျန်ရစ်တော့မည်Where stories live. Discover now