Chapter 35

1.1K 61 7
                                    

အခန်း ၃၅။ ​မေသက်ထားကဘယ်သူလဲ…

“ယုယ…”

“အင်း…”

“ငါဒီရက်ပိုင်း​​ပျော်​နေတယ်သိလား…”

“ဘာလို့လဲ…”

“ဒီလိုပဲ…ငါ့ကို​ပျော်​အောင်လုပ်​ပေး​နေတဲ့လူရှိတယ်”

ယုယကဖုန်းက​နေခဏ​လေးမျက်နှာခွာပြီး​အိပ်ရာ​ပေါ်​မှာ​ဇောက်ထိုးဖြစ်​နေတဲ့​နေသက်ထားကိုလှမ်းကြည့်လိုက်သည်။ ​မေကမျက်နှာကြပ်ကိုမျက်နှာမူထား​ပေမယ့် ဘာမှမရှိတဲ့ အဲ့ဒီ့မျက်နှာကြပ်​ပေါ်မှာအ​တွေး​တွေနယ်ချဲ့​နေပုံပဲ။ ယုယကဖုန်းကိုပြန်ကြည့်လိုက်ပြီး ​မေ့ကို​မေးလိုက်သည်။

“ငါလား…”

“ဟား…ဖြစ်ရဦးမယ် နင်ငါ့ကိုမကြည့်ပဲဖုန်းကိုကြည့်​နေတာ ၂နာရီ​လောက်ရှိ​နေပြီ”

“sorry…​”

“စကား​ပြောတာကိုစိတ်မ၀င်စားပဲ တစ်ခွန်း​မေးတစ်ခွန်း​ဖြေလုပ်​နေတာ​နော်”

ယုယဖုန်းကိုပိတ်လိုက်ပြီး ကြမ်းပြင်​ပေါ်မှာချထားလိုက်သည်။​မေကနှုတ်ခမ်းဆူကာ ယုယကိုမျက်​စောင်းထိုးသည်။ ယုယအိပ်ရာ​ပေါ်က၀က်ရုပ်ကိုလည်း လက်သီးနဲ့ထိုးချင်​ယောင်​​ဆောင်ပြသည်။ယုယလည်း​မေ့အနားကိုတိုးသွားလိုက်ပြီးသူ့လက်ထဲက၀က်ရုပ်က​လေးကိုကယ်တင်လိုက်သည်။ဒီရက်ပိုင်းမေကယုယနားကပ်​နေ​​သည်။ဘယ်တုန်းက​ရော​မေနဲ့ယုယကခွဲဖူးလို့လဲလို့​မေးကြမှာ​ပေါ့…။ဒါ​ပေမယ့်ခါတိုင်းကပ်တာထပ်ကိုပိုကပ်​နေတာ…ညအိပ်ရင်​​တောင်ယုယနဲ့လာအိပ်သည်။ သူ့အိမ်မှာတစ်​ယောက်တည်းမို့လို့တဲ့။ ​

မေတို့အိမ်က ယုယတို့အိမ်ထပ်အများကြီးတိတ်ဆိတ်တာ အခုဆိုပိုဆိုးတာ​ပေါ့၊ ယုယတို့အိမ်မှာက ​ဖေ​ဖေနဲ့​မေ​မေမရှိရင်​တောင် ကြီးကြီးနဲ့ အစ်မ​တွေရှိ​သေးတယ်။ ​မေတို့အိမ်မှာကရှိတာမှသုံး​ယောက်​တည်း အဲ့သုံး​ယောက်စလုံးက တစ်​ယောက်ဆီ​နေနေကြတာ…။ အန်တီကသူ့အလုပ်တွေနဲ့သူရှုပ်​နေတာမို့ အိမ်ပြန်ချင်တဲ့အချိန်မှပြန်လာတယ်တဲ့။အန်ကယ်ကြီးကလည်းအခုတ​လောခရီးများ​နေတယ်။ခရီးများတာမှပြည်တွင်းခရီးတင်မကဘူး၊ပြည်ပခရီး​တွေပါထွက်​နေရတယ်။ ​မေက​တော့ယုယနဲ့….

အချစ်တစ်ခုတည်းသာကျန်ရစ်တော့မည်Where stories live. Discover now