မိတ်ဆက်

860 14 0
                                    

Story Name- Your Highness, I Know My Wrongs

Chapter- 95 Chapters(Completed)

Not my story

I just translation English to Myanmar Language

All rights goes to the original owner

Author: Hao Ren Ka

English Translator :gchan7127

----------------------

အရှက်မဲ့ပြီး အကျင့်ပျက်ပြားတဲ့ အမျိုးသမီးဇာတ်လိုက်ကို မင်းကြိုက်တယ်ဆိုရင်တော့ ဒီစာအုပ်ကမင်းအတွက်ပဲဖြစ်လိမ့်မယ်!

ငါတို့ရဲ့ အမျိုးသမီးဇာတ်လိုက်ကတော့ လင်ရှန်း.သူမက စုန့်လောင်ရဲ့ကိုယ်ထဲကို အချိန်ကူးပြောင်း လာခဲ့ပါတယ်. စုန့်လောင်က အယူသီးတဲ့အကြောင်းပြချက်တစ်ချို့ကြောင့် ယောက်ျားလေး တစ်ယောက်အနေနဲ့ အသက်ဆယ့်ရှစ်နှစ်အထိ ပျိုးထောင်ခြင်ခံရသူဖြစ်သည်. ဒါကြောင့် လင်ရှန်းက သူမရဲ့စနေနှစ်ခိုင်ကို ကြပ်ထုတ်စီးပြီး ယောက်ျားလေးတစ်ယောက်လို ဟန်ဆောင်ပြီးနေရပါတော့တယ်. သို့သော်လည်း အင်ပါရာဘုရင်က သူ့ရဲ့သမီးဖြစ်သူ.မင်းသမီး တုမင်ယွဲ့ နဲ့ လက်ထပ်ဖို့ အမိန့်​တော်ချမှတ်လိုက်ပြီးတဲ့အခါမှာတော့!.. လင်ရှန်းတစ်ယောက် ရှေ့လျောက် မင်းသမီးနဲ့ဘယ်လိုနှစ်ပါးသွားပြီး ဘာတွေဆက်ဖြစ်အုံးမှာလဲဆိုတာကိုတော့?.

----------------------

"လောင်အာသမီးရဲ့ဘဝက ချိန်ခွင်ညှာပေါ်ကအခြေအနေဖြစ်နေပြီနော် ၊ စုန့်မိသားစုရဲ့ ကြီးတဲ့ငယ်တဲ့ အသက်မှန်သမျှက သမီးအပေါ်မှာတည်ရှိနေပြီ၊ ဒီပိတ်စဖြူပိုင်းကို သမီးလုံးဝချွတ်ပစ် လို့မရဘူးနော် ၊နားလည်ရဲ့လား?"

သူမအမေရဲ့အလေးအနက်ရှိနေတဲ့သွင်​​ပြင်ကိုကြည့်ပြီး လင်ရှန်းတစ်ယောက် သူမပြောချင်နေတဲ့ စကားတွေကိုမျိုချလိုက်ပါတော့တယ်။ သူမရဲ့ရင်သားနဲ့သူမရဲ့ဘဝ ကြားမှာ ဘဝကိုပဲ ပြတ်ပြတ်သားသားရွေးချယ် လိုက်ရပါတယ်။

'ရင်သားတွေက ပြားကပ်နေရမယ်' လင်ရှန်း.. သူမရဲ့ဒေါသတွေကဖြစ်ပေါ်လာပေမယ့်လဲပြန် မြိုသိပ်လိုက်နိုင်ပါတယ် .. 'ငါ့ရဲ့ဘဝလေးကိုတော့မစွန့်လွှတ်နိုင်ဘူး!' သူမကိုယ်သူမနားချလိုက်ပြီး သူမကိုကူညီ ပေးနေတဲ့ ရှောင်လုကို ပြောလိုက်သည်။

"ပိုပြီးကြပ်ကြပ်လေး!"

"ရတယ်!" ရှောင်လုကပြန်ပြောလိုက်ပြီး လင်ရှန်းကိုသေလုအောင်ပဲ ကြပ်စည်းပေးလိုက်သည်။

သူမရဲ့ပါးပြင်ပေါ်ကို ဖုံးအုပ်စရာရှိတာအားလုံးအကုန်ဖုံးအုပ်ပြီးတဲ့နောက်မှာတော့ လင်ရှန်းက နန်းတော် ကပို့လိုက်တဲ့မဂ္လလာဝတ်စုံကိုဝတ်ဆင်လိုက်တယ်။ မကြာခင်မှာပဲ လင်ရှန်းတစ်ယောက် သူမရဲ့ဇနီး ဖြစ်သူမိသားစုနဲ့ အတူနေဖို့အဆင်သင့်ဖြစ်လို့​နေပါပြီ။

❇❇❇❇❇

ဇာတ်ကောင်မိတ်ဆက်

လင်ရှန်း/ စုန့်လောင်- အဓိကအမျိုးသမီးဇာတ်လိုက်

လင်ရှန်း -၂၁ရာစုက သူမရဲ့နာမည်အစစ်ဖြစ်ပြီး စုန့်လောင်က  ရှေးကမ္ဘာက သူမ၏အမည်ဖြစ်သည်။

လိန်ဖန်- တော်ဝင်ကိုယ်ရံတော် ခေါင်းဆောင်
-အဓိကအမျိုးသားဇာတ်လိုက်

-အမြဲလိုမျက်နှာဖုံးတပ်ဆင်ထားသူတစ်ဦး(အိမ်ရှေ့စံမင်းသား၏အမွှာညီအကို)

တုဟောင်- အိမ်ရှေ့စံမင်းသား(ဒုတိယအမျိုးသားဇာတ်လိုက်)

တုဂျင် - တတိယမင်းသား(ပွေရှုတ်လွန်းသူ ပလေးဘိုင်းမင်းသား)

တုမင်ယွဲ့- လင်ရှန်း/ စုန့်လောင်နဲ့လက်ထပ်ခဲ့တဲ့မင်းသမီး

တုရီ - အကြီးဆုံးမင်းသား(မင်းသားကြီး/ ထီးနန်းကိုလောဘတက်နေသူ)

ရှောင်လု - လင်ရှန်းရဲ့ကိုယ်ပိုင်အစေခံမလေး

°°°°°°°°°°°°


အရှင့်သား ကျွန်တော်မျိုး မှားမှန်းသိပါပြီ[Zawgyi Version]Where stories live. Discover now