အပိုင်း(၁၂)

36 7 0
                                    

အပိုင်း(၁၂)

မင်းသမီးရဲ့ နန်းဆောင်ကနေပြီးထွက်လာတဲ့ လမ်းတစ်​လျှောက်မှာပဲ လင်ရှန်းအချို့တစ်လေကို ဟိုမေးဒီမေးနဲ့ လိန်ဖန်နေတဲ့နေရာကို သူမရှာလို့တွေ့သွားပါတယ်. တိုက်ဆိုင်စွာနဲ့ပဲ တာဝန်ကျနေတဲ့ ကိုယ်ရံတော်တစ်ယောက်က ပြေးထွက်လာခဲ့ပါတယ်. လင်ရှန်းလဲ အပြေးအလွှားလိုက်သွားပြီး သူ့ကိုတားလိုက်တယ်။

ကြင်ယာတော်မင်းသားဖြစ်နေတာကိုသိလိုက်တော့ ကိုယ်ရံတော်က ခြေထောက်တောင်ခွင်၍ ​ချောင်ကျသွားပါတယ်. သူ့ရဲ့အသားအရောင်ကတော့သိပ်ကောင်းပုံမရပဲ- "ကြင်ယာတော်မင်းသားကို အစီရင်ခံတင်ပြရရင်တော့ ကျွန်တော်မျိုး အခုလေးတင်ပဲ အရာရှိလိန်ကို စောင့်ရှောက်ပေးပြီးမှပြန်ထွက်လာခဲ့တာပါ.."

"သူ ဘယ်လိုနေသေးလဲ?..တော်ဝင်သမားတော်တွေက ဘယ်မှာလဲ။ ငါ ဘာဖြစ်လို့တစ်ယောက်မှရောက်လာတာကို မတွေ့ရတာလဲ"

"အမ်း...." ကိုယ်ရံတော်က ဘာလုပ်ရမယ်မှန်းမသိလိုမျိုးကြည့်လိုက်ပြီး.... "တော်ဝင်သမားတော်တွေက ရောက်လာခဲ့သေးပါတယ်....ဒါပေမယ့်...အရာရှိက သူ့ရဲ့အမှားကြောင့် သူကအပြစ်ပေးခံရဖို့ထိုက်တန်တယ်လို့ ပြောခဲ့ပြီးတော့ တော်ဝင်သမားတော်တွေကို ပြန်လွှတ်ခိုင်းလိုက်တာကြောင့်....."

'သူ ရှုးများနေတာလား?' လင်ရှန်း စိုးရိမ်သွားပါတယ်. ကျာပွတ်အကြိမ်နှစ်ဆယ်က ပြင်းထန်တဲ့ကိစ္စမှန်း သူမ သိပါတယ်. 'ဒီလူကြီးနဲ့ပတ်သတ်ပြီး ဘာတွေကမှားနေတာလဲ။ သူက အပြစ်ပေးခံရတယ်. ဒဏ်ရာတွေလဲရခဲ့တာတောင်မှ သူက သူ့ဒဏ်ရာတွေကြည့်ပေးမယ့်သူကိုတောင် နှင်လွှတ်လိုက်သေးတယ်!' "အဲလိုဆိုရင်" သူမထပ်ပြီးတော့တုံ့ပြန်လိုက်တယ်.. "ငါအထဲဝင်သွားပြီးတော့ တစ်ချက်လောက်ကြည့်လိုက်ဦးမယ်."

"အာ့.!" ကိုယ်ရံတော်က သူမကိုအတင်းတားလိုက်တယ်..-"အရာရှိက ဘယ်သူကိုမှ အထဲဝင်ခွင့်မပေးဖို့ အမိန့်ပေးထားပါတယ်.ကြင်ယာတော်မင်းသား.....ကျေးဇူးပြုပြီးတော့ ကျွန်တော့်ကို ခက်ခဲအောင်မလုပ်ပါနဲ့"

လင်ရှန်း စိတ်အနှောက်ယှက်ဖြစ်သွားပြီး - "ငါ့ ရှေ့ကနေ ထွက်သွားလိုက်စမ်း..ငါက ကြယာတော်မင်းသားပဲ! မင်း ငါ့စကားကို နားထောင်မှာလား ဒါမှမဟုတ် မင်းရဲ့အရာရှိလား"

အရှင့်သား ကျွန်တော်မျိုး မှားမှန်းသိပါပြီ[Zawgyi Version]Where stories live. Discover now