အပိုင်း(၆၅)

21 2 0
                                    

အပိုင်း(၆၅)

ရက်အနည်းငယ်ကြာပြီးနောက်တွင် အင်ပါယာ၏ဖျားနာမှုက ထိန်းချုပ်လို့ရနိုင်သော အခြေအနေသို့ပြန်ဖြစ်သွားခဲ့ပြန်သည်. သို့သော်ငြားလဲ သူ့ရဲ့အခြေအနေက ဆိုးရွားနေတုန်းပင်. တော်ဝင်သမားတော်တွေက သူတို့ရဲ့မျက်နှာပေါ်တွင်စိုးရိမ်ကြောင့်ကြနေပုံပေါက်နေမှုများနှင့်အတူ အင်ပါယာရဲ့နန်းဆောင်ပတ်ဝန်းကျင်တွင် ပြေးချည်လွှားချည်လုပ်လို့နေကြတာကို တွေ့မြင်နေကြရတာက သူ့တို့တွေရဲ့ဆေးကုသဆောင်တစ်ခုလုံးပင် အင်ပါယာနန်းဆောင်တော်ထဲသို့ ရွေ့ပြောင်းရောက်ရှိနေကြသလိုပင်။

ထိုကဲ့သို့ အရေးပေါ်နေချိန်တွင်တော့ လင်ရှန်းက သူမနေရာမှာသူမ သိုသိုသိပ်သိပ်ဖြင့် ကုပ်နေရမယ်ဆိုတာ သူမသိပါတယ်. သူမက သူမရဲ့ကိုယ်ပိုင်နန်းဆောင်ထဲမှာပဲ နေ နေခဲ့ပါတယ်. တကယ်လို့ သူမက တစ်စုံတစ်ခုကို ပြုလုပ်ချင်တယ်ဆိုရင်တောင်မှ သူမက ရှောင်လုကို သူမအတွက် သွားလုပ်ခိုင်းပါတယ်. သူမက ရှောင်လုကို အတွင်းသတင်းတွေကို ပိုပြီးတော့ရအောင်လဲ သွားရှာခိုင်းလိုက်သည်. ရှောင်လုကလဲ လေရှည်ပြီးစပ်စပ်စုစုနိုင်တဲ့ကောင်မလေးဖြစ်ပြန်တော့ တစ်ချို့သတင်းတွေကို အသေးစိတ်ကအစ တိတိကျကျပင် တူးဖော်နိုင်ခဲ့သည်။

"ကြင်ယာတော်မင်းသား... အခုဖြစ်နေတဲ့ အရှင်မင်းမြတ်ရဲ့ဖျားနာမှုက အရမ်းထူးဆန်းလွန်းနေတယ်ရှင့်!" ရှောင်လုက လင်ရှန်းအနားကိုကပ်ခါ တီးတိုးပြောလိုက်သည်။

"တုံးလိုက်တာ ၊သေချာပေါက်ကို ထူးဆန်းတာပေါ့! မဟုတ်ရင် ဘယ်လိုလုပ်ပြီးတော့ ဒီလောက်မြန်မြန်ကြီး နေမကောင်းဖြစ်မှာလဲ!? အဓိက အချက်ကိုသာ ပြောစမ်းပါ!" လင်ရှန်း လောလိုက်ခဲ့သည်။

"ကြင်ယာတော်မင်းသား၊ စိတ်အေးအေးထားပါဦး! အလျင်မလိုပါနဲ့၊ ဒီအစေခံကို ဖြေးဖြေးသက်သာပဲ ပြောခွင့်ပေးပါ၊ သတင်းအရဆိုရင်တော့ မနေ့တုန်းကပေါ့ နေက သာသာယာယာရှိ ပြီးတော့ လေညင်းလေးတွေကလဲ တဖြူးဖြူးနဲ့ ၊ သာယာတဲ့ လေညင်းလေး...နဲ့ ငှက်ကလေးတစ်ကောင်ကလဲ သစ်ပင်ပေါ်မှာ ကျီကျီကြာကြာနဲ့ ......"

အရှင့်သား ကျွန်တော်မျိုး မှားမှန်းသိပါပြီ[Zawgyi Version]Where stories live. Discover now