အပိုင်း(၂၆)

30 6 0
                                    

အပိုင်း(၂၆)

ထိခိုက်ဒဏ်ရာတွေရရှိနေ​ခဲ့တာတောင် တုဟောင်တစ်ယောက် သူမကို ဒီလိုမျိုးတွေ လုပ်နိုင်လောက်တဲ့အထိ အားအင်တွေအများကြီး ကျန်ရှိနေသေးလိမ့်မယ်ဆိုတာကို လင်ရှန်း မျှော်လင့်မထားခဲ့ပါဘူး. သူမ တစ်ကိုယ်အေးခဲလို့ တုန်ရင်သွားခဲ့ပါတယ်. သူမ တုံ့ပြန်လိုက်မိတဲ့အချိန်မှာတော့ သူမရဲ့ ကိုယ်ခန္တာတစ်ခုလုံးက စိုစွတ်ပြီး ပျော့လပြဲဖြစ်နေတဲ့ ရွှံ့နံရံထဲကို နစ်မြုတ်လုနီးပါး ကျရောက်လို့သွားခဲ့သည်. တုဟောင်ရဲ့ လက်နှစ်ဖက်လုံးကလည်း နံရံထဲသို့ လိုက်ဝင်သွားပြီးတော့ သူမနှင့်အလွန်ပင် နီးနီးကပ်ကပ်ကြီး အ​နေအထားဖြင့် သူမအားစိုက်ကြည့်နေခဲ့သည်။

အချိန်ခဏကြာတဲ့အထိတိုင်အောင် သူမရှေ့မှောက်တွင် ရှိနေ​သောလူက လိန်ဖန်လား တုဟောင်လားဆိုတာကိုတောင် လင်ရှန်း မ​ဝေခွဲနိုင်ခဲ့ပါဘူး. သို့သော်လည်း စက္ကန့်အနည်းငယ်လောက်ကြာသွားတဲ့အခါမှာတော့ တုဟောင်၏ဒေါသထွက်နေသော မျက်နှာကြီး ဖြစ်​နေတယ်ဆိုတာကို ချက်ချင်းလက်ငင်းကြီး ရှင်းလင်းလို့သွားသည်။

'လိန်ဖန် ဆိုရင်တော့ ဒီလောက်တောင်ကြောက်ဖို့ကောင်းမှာ မဟုတ်တာတော့ ကျိန်းသေနေတာပဲလေ!' လင်ရှန်း ဆက်ခနဲဆိုသလို ကြောင်အနေခဲ့ရာကနေ ရုန်းထွက်လိုက်ပါတယ်. တုဟောင်က သူမ ကို သတ်ချင်ဖြတ်ချင်တဲ့ပုံစံဖြင့် စိုက်ကြည့်နေတာကို ​တွေ့ရသည်. သူမ ကိုယ့်ကိုယ်ကိုယ်မလုံမလဲဖြစ်သွားပြီးတော့ တုဟောင်ကို ဆင်ခြေပေးဖို့ကြိုးစားလိုက်ပါတယ်. –

" အရှင့်သား နိုင်ငံတစ်ခုမှာ သူ့ဥပဒေနဲ့သူ ရှိပြီးတော့ မိသားစုတစ်ခု မှာလဲ လိုက်နာရမယ့် စည်းကမ်းတွေရှိပါတယ်ခင်ဗျ၊ တကယ်လို့ အရှင့်သား ကျွန်တော်မျိုးကို သဘောမကျဘူးဆိုရင်တောင်မှ အရှင့်သား ကျွန်တော်မျိုးကို ဒီနေရာမှာ သတ်လိုက်လို့ မရပါဘူး၊ အကယ်၍ လူတွေသာ ဒီအကြောင်းကို ရှာတွေ့သွားရင် သူတို့က အရှင့်သားကို လှောင်ရယ်နေကြလိမ့်မယ်နော်! နိုင်ငံရဲ့ အိမ်ရှေ့စံမင်းသားက....အားနည်းပြီး အကာအကွယ်မဲ့နေတဲ့ ကြင်ရာတော်မင်းသား ကို....အား..! ခင်ဗျား ကျွန်တော့်ကို ရိုက်ချင်နေတာလား? အမ်.. ကျွန်တော့်မျက်နှာကိုတော့ ချမ်းသာပေးပါ..ငွေတွေအများကြီးရှာနိုင်ဖို့ ကျွန်တော်မျိုးရဲ့ မျက်နှာကိုတော့ လိုအပ်လို့ပါ !!"

အရှင့်သား ကျွန်တော်မျိုး မှားမှန်းသိပါပြီ[Zawgyi Version]Where stories live. Discover now