အပိုင်း(၆၆)

20 2 0
                                    

အပိုင်း(၆၆)

သူမရှေ့မှာဖြစ်ပျက်နေတဲ့ အခြေအနေကို လင်ရှန်း ဝေဖန်ဆန်းစစ်ကြည့်နေလေတယ်. တုရီက စစ်ချပ်ဝတ်တန်ဆာကို ဆင်မြန်းထားခဲ့တယ်. ဒါ့အပြင်ကို သူက သူနဲ့အတူ သူ့လက်အောက်ငယ်သားနှစ်ယောက်ကိုပါ အတူခေါ်ဆောင်လာခဲ့လေတယ်. 'အိုး...ရှောင်လုပြောတာ မှန်နေတာပဲ.. တုရီက အရမ်းကို ခန့်ညားတဲ့ယောက်ျားတစ်ယောက်ပဲကိုး.. သူ့ရဲ့ရုပ်ဆင်းရူပါကာ ကိုထည့်မပြောဘဲနဲ့တောင် သူက အရမ်းအားပြည့်အင်ပြည့် မာန်ဟုန်အပြည့်နဲ့ပါလား.. သူတို့က အင်ပါယာရဲ့နန်းဆောင်ထဲကိုတောင် လက်နက်တွေယူလာရဲတာလား။ ဒါကတော့ အရမ်းမလေးစားလွန်းရာကျသွားပြီပဲ!

လင်ရှန်းက သူမစိတ်ထဲမှာပဲ အတွေးအမျှင်တွေ တစ်ခုနဲ့တစ်ခု အပြေးအလွှားသွားနေစဉ်မှာပဲ တုဟောင်က အင်ပါယာ၏အိပ်ရာဘေးကနေပြီးတော့ ကျယ်လောင်စွာဖြင့် ရုတ်တရက် အော်ပြောလိုက်လေတယ်. သူက တုရီနောက်က ငယ်သားနှစ်ယောက်ကို စူးစူးဝါးဝါးဖြင့် အော်ဟစ်လိုက်ခဲ့သည်. – "အတင့်ရဲလှချည်လား.. အစေခံတွေ? ဒီနေရာကိုလက်နက်တွေယူလာဖို့ မင်းတို့ကို ဘယ်သူက ခွင့်ပြုထားတာလဲ? ထွက်သွားကြစမ်း!" တုဟောင်က ထောက်ထားညာတာမှုကိုပင် မပြသတော့ပေ. သူက အစေခံတွေကို အော်ဟစ်ဆူပူကြိမ်းမောင်းနေသော်လဲ တုရီကို တဲ့တိုးပင်ကြည့်ပြော နေတာပဲဖြစ်သည်။

ဘာကပိုပြီးတော့ အံအားသင့်စရာကောင်းလဲဆိုတော့ အဲဒီလက်အောက်ငယ်သားနှစ်ယောက်က တုဟောင်အော်ဟစ်လိုက်တာကို အရေးစိုက်သည့်ပုံ တစ်စက်လေးမှ မပြခဲ့ပေ. အခြားတစ်ဖက်မှာတော့ သူတို့က အေးဆေးတည်ငြိမ်စွာဖြင့် တုရီရဲ့မျက်လုံးထဲကို စိုက်ကြည့်လိုက်ကာ သူ့ရဲ့ခွင့်ပြုမိန့်ကို တောင်းခံနေခဲ့သည်. သူတို့တွေက တုရီရဲ့ခွင့်ပြုချက်ကို ရရှိလိုက်မှသာလျှင် နန်း​ဆောင်ထဲကနေ ထွက်ခွာသွားကြတော့သည်။

လင်ရှန်းတစ်ယောက် တုရီကိုကြည့်ပြီးတော့ အထင်ကြီးလေးစားသွားတော့သည်. တုရီရဲ့ သူ့ရဲ့လက်အောက်ငယ်သားတွေအမြင်မှာ ဩဇာကြီးမားခြင်းနှင့် ကြီးစိုးခြယ်လှယ်နိုင်ခြင်းက သူတစ်ယောက်ထဲတွင်သာ သက်ရောက်နိုင်အောင် လေ့ကျင့်ပေးသည့်အချက်ကိုပင်ဖြစ်သည်. 'တုရီက ဒီနေရာကို မီးလောင်နေတုန်းမှာ လုယက်ဖို့ရောက်လာတာ သေချာတာပဲကိုး! ကြည့်ရတာတော့ တုဟောင်တစ်ယောက်တော့ ဒုက္ခတော့​ရောက်ပြီဟေ့!

အရှင့်သား ကျွန်တော်မျိုး မှားမှန်းသိပါပြီ[Zawgyi Version]Where stories live. Discover now