အပိုင်း(၃)

66 7 0
                                    

အပိုင်း(၃)

ဇနီးဖြစ်သူရဲ့မိသားစုဆီသို့ လက်ထပ်ဖို့သွားရတာက ရိုးရိုးသားသားပြောရရင် တရုတ်ရိုးရာရှေးထုံးစဉ်လာနဲ့တော့ ဆန့်ကျင်နေပါတယ်။ ပုံမှန်အားဖြင့်တော့ သတိုးသားကသာ အိမ်ကနေပြီး သတိုးသမီးလာပို့ဖို့ကိုစောင့်ရတာဖြစ်သ ည်။ သို့သော်လည်း ဒီနေ့မှာတော့ အချိန်ကူးပြောင်းလာပြီး လက်ထပ်ရဖို့အကြောင်း ဖန်လာတဲ့ သနားစရာလင်ရှန်းတစ်ယောက် ခက်ခဲပင်ပန်းစွာမြင်းစီး၍ထွက်ခွာလာရတဲ့အချိန်မှာတော့ သတိုးသမီးကနန်းတော်ထဲကနေသာ မဂ္လလာဆောင်ဖို့စောင့်နေတာဖြစ်သည်။

ထပ်ပြောရမယ်ဆိုရင်တော့ တော်ဝင်မဂ္လလာအခမ်းအနားကအရမ်းကိုရှည်ကြာရုံသာမကပဲ တော်တော့်ကိုပဲအသေးစိတ်ကျပြီး မင်းမျိုးမင်းနွယ်မဟုတ်တဲ့
သာမာန်အရပ်သားတွေနဲ့ ယှဉ်ရင်တော့ အကြိမ်တစ်ရာလောက်ကိုပိုပြီးရှုပ်ထွေးပါတယ်။ ၂၁ရာစု
ကရောက်ရှိလာတဲ့ လင်ရှန်းအတွက်ကတော့ လက်ထပ်ခြင်းအခမ်းအနားတွေတစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်နေရတာ အရမ်းကိုပဲဒုက္ခများပြီး ညှင်ပန်းနှိပ်စက်ခံရသလို ခံစားနေရတာဖြစ်သည်။

ကံကောင်းထောက်မစွာနဲ့ပဲ လက်ထပ်ခြင်းအခမ်းအနားက
လက်ဖွဲ့ချီးမြောက်ခြင်းမရှိပဲနဲ့ ပြည့်စုံစွာ မပြီးမြောက်နိုင်ပါဘူး။

တွေးကြည့်ရမယ်ဆိုရင်တော့ နန်းတော်ထဲမှာရှိတဲ့လူတွေအများကြီးထဲက အားလုံးလိုလိုကိုပဲ
အင်ပါယာထံမှာမျက်နှာသာရချင်ကြသူတွေကြီးပဲဖြစ်သည်။ 'အင်ပါယာရဲ့အချစ်ဆုံးသမီး​တော်လက်ထပ်တဲ့ အခါမှာတော့ သူတို့ထဲကဘယ်သူကရော
ဒီအခွင့်အရေးကို လက်လွှတ်ခံမှာတဲ့လဲ'

တော်ဝင်မျိုးနွယ်အသိုင်းအဝိုင်း နဲ့ အာဏာရှိတဲ့မင်းမှုထမ်းတွေကလဲ လင်ရှန်းအနားမှာ ခြံရံနေကြပါတယ်. သူမရဲ့ဘေး ဘယ်ညာမှာလဲ ဂုဏ်ပြုစကားတွေအလုအယက်ပြောနေတာကိုလည်း ကြားနေရပါတယ်။ ထပ်ပြောရမယ်ဆိုရင်တော့ ရွှေငွေပုလဲတွေကလဲ သူမမျက်လုံးတွေ စူးရှတောက်ပြီး အသက်ရှူရပ်တန့်လောက်အောင်ကိုပဲ လက်ဖွဲပေးခြင်းခံနေရပါတယ်။

ဒီရတနာပစည်းတွေအားလုံးကိုကြည့်ပြီးတော့ လင်ရှန်းတစ်ယောက် သူမရဲ့ကျောကုန်းလည်းမနာတော့သလို သူမခြေထောက်တွေကလည်း ရပ်ရတာပင်ပန်းတယ်လို့ မခံစားရတော့ပါဘူး. သူမအတွက်လက်ထပ်ဖို့အသက်ရှင်ရတာကို တကယ်စိတ်လှုပ်ရှားခံစားမိစေတယ်။

အရှင့်သား ကျွန်တော်မျိုး မှားမှန်းသိပါပြီ[Zawgyi Version]Where stories live. Discover now