အပိုင်း(၅၇)

19 2 0
                                    

အပိုင်း(၅၇)

ကဲလောင်ကနေပြန်လာခဲ့ပြီးနောက်တွင် တုမင်ယွဲ့တစ်ယောက် အလွန်အမင်းပင် စိတ်ဓာတ်ကျလာခဲ့ရသည်. သူမ ပိုပြီးတော့ ဒီအကြောင်းတွေကို နက်နက်နဲနဲစဉ်းစားကြည့်လေလေ သူမယောက်ျားနဲ့ သူမအကိုတော်တို့နှစ်ဦးကြားထဲမှာ တစ်စုံတစ်ခုဖြစ်နေတယ်လို့ သူမစိတ်ထဲမှာ ပိုပိုပြီးတော့ ခံစားမိနေလေလေဖြစ်နေသည်။

ယောက်ျားနှစ်ယောက်.... နှစ်ကိုယ်တည်း... လရောင်ဖြာဖြာနဲ့ တိတ်ဆိတ်ငြိမ်သက်နေတဲ့ မှောင်ပိတ်နေတဲ့ကောင်းကင်အောက်မှာ....မိုးသည်းသည်းထန်ထန်စွာ ရွာသွန်းနေပြီးတော့ ..... အခန်းတစ်ခုတည်းမှာ အတူတကွ..... အဝတ်တွေက ကပိုကရိုနဲ့ လစ်ဟပေါ်လို့နေပြီး..... တစ်စုံတစ်ရာကမှားယွင်းနေတဲ့ အရိပ်အယောင်အသံဗလံတွေ ထွက်ပေါ်နေသည်. တကယ်လို့သာ သူတို့နှစ်ယောက်စလုံးကို အားလုံးက အတူတကွတွေ့မိလျက်သားဖြစ်မယ်ဆိုရင်တော့ အဲဒါက လုံးဝကို အညစ်အကြေးအညှီအဟောက်တွေဖြစ်နေမှာ အသေချာကြီးပဲမို့လား။

တုမင်ယွဲ့တစ်ယောက် သူမအတွေးတွေကို စိတ်ထဲတွင် ခွဲခြမ်းစိတ်ဖြာနေရင်းဖြင့် သူတို့နှစ်ယောက်လက်ထပ်ခဲ့ပြီးနောက်မှာ စုန့်လောင်က သူမအပေါ်ကို ပြောဆိုဆက်ဆံတဲ့ အေးစက်မှုတွေကို သတိမရဘဲမနေနိုင်ခဲ့ပေ. 'သူမကိုယ်တိုင်ကိုက သူ့အပေါ်မှာ အရက်တွေးမူးပြီး ညွှန့်ကျသွားပြီး တစ်ကိုယ်လုံးပုံအပ်လိုက်မယ်ဆိုရင်တောင်မှ သူ့ကိုကြည့်ရတာ သူမအပေါ်ကို တစ်စက်လေးမျှ စိတ်ဝင်စားမည့်ပုံမပေါ်ပေ. ပုံမှန်အတိုင်းလုပ်ဆောင်နိုင်တဲ့ ယောက်ျားတစ်ယောက်ဆိုရင်တော့ သူမလိုမျိုး ချောမောလှပတဲ့မင်းသမီးတစ်ပါးကို သူဘယ်လိုငြင်းဆန်နိုင်မှာတဲ့လဲ'

'ဖြေရှင်းစရာရှိတဲ့ တစ်ခုတည်းသောအကြောင်းပြချက်ကတော့ .....စုန့်လောင်က ယောက်ျားတွေကို စိတ်ဝင်စားနေလို့ပဲ!!'

°°°°°°°

အကယ်၍များ သူမတို့လက်ထက်လိုက်ရတာက စီစဉ်ပေးထားတဲ့လက်ထပ်ပွဲသာ မဟုတ်ခဲ့ဘူးဆိုရင် မင်းသမီးကိုလက်ထပ်ချင်နေတဲ့ ဘယ်ယောက်ျားလေးကိုမှ ပုံဖော်ပြီးတော့ လင်ရှန်းတော့ မစဉ်းစားနိုင်ခဲ့ပေ။

အရှင့်သား ကျွန်တော်မျိုး မှားမှန်းသိပါပြီ[Zawgyi Version]Donde viven las historias. Descúbrelo ahora