အပိုင်း(၄၀)

40 3 0
                                    

အပိုင်း(၄၀)

ထူးဆန်းလွန်းသော အကြောင်းပြချက်တစ်ချို့ကြောင့် လိန်ဖန်ရဲ့ပါးစပ်ဖျားက ထွက်ကျလာတဲ့ စကားလုံးတွေက အလွန်ပင်စိတ်နှလုံးဘဝင်ခိုက်သွားစေပြီး လင်ရှန်းတစ်ယောက် ဘာကိုမှမတွေးမိနိုင်တော့ဘဲ ခေါင်းညိတ်လိုက်မိသည်. ပြီးနောက် သူမက လိန်ဖန်၏ပေါင်ပေါ်တွင် ထိုင်နေဆဲပင် ဖြစ်နေသေးတယ်ဆိုတာ လင်ရှန်းတစ်ယောက် သဘောပေါက်လိုက်မိတော့! သူမ အလောသုံးဆယ်ပင် ထရပ်လိုက်မိသွားသည်. ဒါပေမယ့် သူမ မထလိုက်ခင်မှာပင် သူမ၏ခါးတွင် တင်းကျပ်သွားပြီး သူမ၏ကိုယ်က ကြမ်းပြင်ကို နိမ့်ဆင်းလို့သွားခဲ့သည်. သူမ သိလိုက်တဲ့နောက်ထပ်အရာကတော့ သူမ က လိန်ဖန်နှင့် တဖြည်းဖြည်းချင်း မတ်တပ်ရပ်မိလျက်သားဖြစ်နေတာပါပဲ။

လိန်ဖန်က သူမ၏အဝတ်အစားတွေကို တစ်ဖန်ပြန်၍ သပ်ရပ်အောင်လုပ်လိုက်သည်. သူမ၏လည်ပင်းတွင် ဘာမှလှစ်ဟနေခြင်းမရှိအောင် သေချာအောင်လုပ်ဆောင်လိုက်ပြီးမှ ပြောလိုက်သည်.- "သွားကြစို့"

"အင်း" လင်ရှန်း သဘောတူလိုက်သည်. လိန်ဖန်က သူ့ရဲ့လက်ကိုကမ်းးပေးလိုက်တော့ သူမကလည်း သက်တောင့်သက်သာစွာ အလိုအလျောက်တုံ့ပြန်လိုက်၍ သူမ၏လက်တွေကို သူ့လက်ဆီကိုပေးလိုက်သည်. အနွေးဓာတ်က သူမ၏လက်ဖဝါးတလျှောက်မှတစ်ဆင့် နေရာအားလုံးသို့ စီးဆင်းလို့သွားပြီး သူမ၏နှလုံးသားထိပင် နွေးထွေးသွားသလို ခံစားလိုက်ရသည်။

'အချစ်ခံရတဲ့ ခံစားချက်ဆိုတာ ဒီလိုမျိုးလား' လင်ရှန်းက ဘဝနှစ်ခုမှာ အသက်ရှင်လာခဲ့တာဖြစ်ပေမယ့်လည်း သူမက လူငယ်တွေရဲ့အချစ်နဲ့ လုံးဝအတွေ့အကြုံမရှိခဲ့တာပဲ ဖြစ်ပေသည်. သို့သော်လည်း အဲဒီအချိန်တုန်းက သူမက စူးစမ်းချင်ပြီး အပျော်သဘောအနေနဲ့သာ လုပ်ဆောင်ခဲ့ဖူးတာပဲဖြစ်သည်. အခုလိုမျိုး ချစ်ကြိုးသွယ်မိသွားတဲ့ ခံစားချက်အစစ်အမှန်ရှိသွားတဲ့အထိတော့ မဟုတ်ခဲ့တာပဲဖြစ်သည်။

လိန်ဖန်က လင်ရှန်းကိုတွဲကာ လှေကားပေါ်မှ ခေါ်ဆောင်လာခဲ့တော့ သူမ၏မျက်နှာမှ ရှက်သွေးဖြာနေမှုကို မဖုံးကွယ်နိုင်ခဲ့ပေ. ဝမ်ဟိန်ဟူက အကြည့်တစ်ချက်နဲ့တင် အခြေအနေတစ်ခုလုံးကို ​ခြုံငုံသုံးသပ်နိုင်ခဲ့သည်. သူလည်းဘာမှမတတ်နိုင်စွာဖြင့် ဟယ်လောင်စန်းအတွက် သက်ပြင်းရှည်တစ်ချက်သာ ချလိုက်မိသွားပါတယ်။

အရှင့်သား ကျွန်တော်မျိုး မှားမှန်းသိပါပြီ[Zawgyi Version]Where stories live. Discover now