အပိုင်း(၈၂)

14 1 0
                                    

အပိုင်း(၈၂)

လင်ရှန်းတစ်ယောက် အချိန်အကြာကြီးတစ်ခုတိုင်အောင် သတိလစ်မေ့မြောနေခဲ့ပါတယ်. တံခါးဖွင့်သံကြားလိုက်ရပြီးတော့ မူးနောက်နောက်နဲ့ နိုးလာတဲ့အချိန်မတိုင်မီအထိပါပဲ. သူမတစ်ကိုယ်လုံးကမှာ ထူးဆန်းသည့် အပူလှိုင်းတစ်ခုက တရှိန်ရှိန်တက်နေတာကို သူမခံစားသိလိုက်ရလေသည်. အတွင်းပိုင်းတစ်နေရာမှ တစ်စုံတစ်ခုက လှုံ့ဆော်နေသလိုပင်. ထိုအရာက သူမတစ်ကိုယ်လုံးအား ချုပ်ကိုင်နေလေသည်. သူမ ဘာတွေဖြစ်မှန်း မှန်မှန်ကန်ကန် မတွေးတောနိုင်ခဲ့ပေ။

ကျီပိုင်ယုက လင်ရှန်း ဆေးခပ်ခံထားခဲ့ရမှန်း မသိခဲ့ပေ. သူမက သတိုးသမီးခေါင်းဆောင်းပါဝါ နှင့်အတူ အိပ်ရာပေါ်တွင် လဲလျောင်းနေသည်ကို တွေ့လိုက်သောအခါ သူ စိတ်ရှုပ်သွားခဲ့သည်. သူ စုန့်လောင်ကို အမှန်တကယ်ပင် မုန်းတီးလေသည်. 'သူ လက်စားချေဖို့အတွက်နဲ့ နှိပ်စက်ချင်နေပေမယ့် သူ သူမကို လက်ထပ်ချင်နေတာ မဟုတ်ဘူး! အား..... အခုတော့ ဒီမိန်းကလေးကို သူ လက်ထပ်လိုက်ရပြီပဲ.. သူမက သူ့ကို မင်္ဂလာဆောင်တွင် လူအားလုံးရဲ့ရှေ့မှောက်မှာ မျက်နှာပျက်အောင် လုပ်ခဲ့လေသည်. ပြီးတော့ သူမ ဘာလုပ်နေလိုက်တာလဲ။ တရေးတမော အိပ်နေတာတဲ့လား?!?'

သူ သည်းမခံနိုင်အောင် စိတ်တိုသွားတော့လေသည်. သူ အိပ်ရာဘေးကို လျှေက်သွားလိုက်ကာ လင်ရှန်းအား ကြမ်းကြမ်းတမ်းတမ်းဖြင့် လှုပ်နိုးလိုက်လေသည်- " ဟေး...ထစမ်း!"

လင်ရှန်းက နဂိုကတည်းကမှ ပူလောင်နေခဲ့သည်. အခုတော့ သူမ လှုပ်ရမ်းခံလိုက်ရတော့ သူမ ပိုလို့တောင် ပူလောင်လာတော့သည်. သူမလက်တွေက ခြုံစောင်ထည်အား တင်းတင်းဆုပ်ကိုင်ထားကာ တစ်ကိုယ်လုံးက စတင် တုန်ရီလာခဲ့သည်။

တစ်ခုခုမှားနေတယ်ဆိုတာ ကျီပိုင်ယုက နားလည်သွားတော့တယ်. သူ လျင်မြန်စွာဖြင့် သူမအားတစ်ဖက်သို့ဆွဲလိုက်ခဲ့သည်. သူ ကြည့်မိလိုက်တော့ အလွန်အံ့အားသင့်သွားတော့တယ်. လင်ရှန်းရဲ့မျက်လုံးများက ရီဝေဝေပုံစံပေါက်နေကာ သူမ ပါးပြင်တွေကလဲ ပန်းသွေးရောင်ဖြစ်လို့နေ နေသည်. သူမက သူမရဲ့ဝတ်ရုံအပေါ်ပိုင်းအား ဆွဲလွဲပစ်လိုက်ကာ စိတ်ရှုတ်ထွေးနေသည့်ပုံမျိုး ဖြစ်လာခဲ့သည်. သူမ ညည်းထွားလိုက်ကာ- " ပူ...ပူလိုက်တာ......"

အရှင့်သား ကျွန်တော်မျိုး မှားမှန်းသိပါပြီ[Zawgyi Version]Tahanan ng mga kuwento. Tumuklas ngayon