အပိုင်း(၄၂)

28 3 0
                                    

အပိုင်း(၄၂)

အမျိုးသမီးခုနှစ်ယောက်က သူတို့အချင်းချင်း စကားပြောဆိုနေခဲ့ကြတော့ လင်ရှန်း သူမစိတ်ထဲတွင် ပိုပြီးတော့ ဘဝင်မကျဖြစ်သွားရသည်. 'သူတို့က လိန်ဖန်အကြောင်းကို ပြောနေတဲ့ အသံတော့ ဟုတ်ပုံမရဘူး. ဘယ်လိုဖြစ်ပြီးတော့ သူတို့က လိန်ဖန်အစား ငါ့အကြောင်းကို ပြောနေကြတဲ့ အသံမျိုးထွက်နေရတာလဲ?? လင်ရှန်းတစ်ယောက် ရုတ်တရက် နားလည်သွားတော့သည်.-

"အိုး အမေရေ.!!! ဒီမိန်းမတွေက ငါ့ ကို မျက်စိကျနေကြတာလား??'

သူမ မတုန့်ပြန်လိုက်နိုင်ခင်မှာပဲ လျိုချင်းယွဲ့ပြောတာကို သူမ ကြားလိုက်ရတယ်.- "ငါတို့တွေ ဒီကိစ္စ ကို နောက်မှပြောကြရအောင်လား၊ အရင်ဦးဆုံး သူ့ကို အရင်ရအောင်ယူကြစို့!" ပြီးနောက် သူမက ရုတ်ချည်းပင် လင်ရှန်းထံသို့ ခုန်ဝင်လိုက်ကာ ရှည်လျားသော အဖြူရောင်ပိုးချည်စက သူမရဲ့ဝတ်ရုံလက်ဖျားမှ ရေမြွေတစ်ကောင်လိုမျိုး လွန့်လွန့်ထွက်လာခဲ့ပြိး သူမ၏ကိုယ်ခန္တာတစ်ခုလုံးကို ပတ်ချည်နှောင်လိုက်တော့သည်။

လင်ရှန်း မှင်တက်မိသွားကာ ကျောက်ရုပ်ကဲ့သို့တောင့်သွား၍ အကူညီလှမ်းတောင်းဖို့ အော်ဟစ်လိုက်တော့မည့်အချိန်မှာပဲ လိန်ဖန်က သူ့ရဲ့ဓားရှည်ကို လွှဲယမ်းလိုက်တော့သည်. အလင်းရောင်တစ်ခု ဖျတ်ခနဲလက်သွားခဲ့၍ အဖြူရောင်ပိုးချည်စတွေက ချက်ချင်းပင်အပိုင်းပိုင်းအစစ ပြတ်တောက်သွားတော့သည်. ဓားရှည်ရဲ့ဖြတ်တောက်လိုက်တဲ့အနားစောင်းက အရမ်းပင်စွမ်းအားပါလွန်း​နေ၍ လျိုချင်းယွဲ့ပင် နောက်သို့ ခြေလှမ်းတော်တော်များများဆုတ်လိုက်ရသည်။

"မင်း အဆင်ပြေရဲ့လား" လိန်ဖန်က လင်ရှန်းကို သူ့၏နောက်ကျောသို့ ပို့လိုက်၍ မေးလိုက်သည်။

"ဟားဟားဟား.. ဒီတော့ ဒီမင်းမှုထမ်းတိုက်တဲ့ပုံစံကမှ ယောက်ျားသားတွေလိုမျိုး ကျေနပ်ဖွယ်ရာရှိသေးတာပဲကိုး!ငါ့အထင် ငါတောင်နောက်ပြန်ဆုတ်ဖို့လိုနေတာပဲ!" လျိုချင်းယွဲ့က ဆိုးယုတ်စွာရယ်မောလိုက်ပြီး ရုတ်ချည်းပင် သူမလက်ကို အချက်ပြလိုက်တော့ ကျန်ရှိနေတဲ့ အဖြူရောင်ပုံရိပ်တွေက လိန်ဖန်နှင့်လင်ရှန်းဆီသို့ ပျံသန်းလာတော့သည်။

အရှင့်သား ကျွန်တော်မျိုး မှားမှန်းသိပါပြီ[Zawgyi Version]Where stories live. Discover now