အပိုင်း(၂၈)

29 6 0
                                    

အပိုင်း(၂၈)

လင်ရှန်း သတိလစ်မေ့မြောသွားပြီးတဲ့နောက်တွင် သူမ၏အဖျားက ကျဆင်းမသွားခဲ့ပါဘူး. ငရဲတံခါးပေါက်ဝကနေ ပြန်ရောက်မလာခဲ့တိုင်မီထိ သူမက တစ်နေ့လုံးတစ်ညလုံး သတိလစ်မေ့မြောလို့နေခဲ့ပါတယ်. သူမ နိုးလာခဲ့တဲ့အခါမှာတော့ သူမက အမတ်ချုပ်ကြီးရဲ့အိမ်တော်ရာဖြစ်တဲ့ သူမ၏အဖေအိမ်ကို ပြန်ရောက်နေတာကို သိလိုက်ရသည်. သူမ၏အမေဖြစ်သော စုဟွမ်နှင့်ရှောင်လုက သူမရဲ့ အိပ်ရာဘေးနားတွင် ရှိနေကြသည်. စုဟွမ်၏မျက်လုံးများက ငိုကြွေးထားမှုကြောင့် နီရဲတွတ်လို့နေခဲ့ပါတယ်. ရှောင်လု၏မျက်လုံးများကလဲ နီရဲလို့နေခဲ့ကာ ရွှေငါးလေးတစ်ကောင်လို မို့အစ်ထွက်လို့နေခဲ့သည်။

လင်ရှန်း လှုပ်ရှားဖို့ကြိုးပမ်းလိုက်ပေမယ့် သူမ၏အရိုးတွေအားလုံးက တစ်ပိုင်းစစီဖြစ်နေသလိုခံစားလိုက်ရပြီးတော့ သူမရဲ့ကိုယ်ခန္တာနဲ့ အဆက်သွယ်ပြတ်တောက်နေတဲ့ပုံပါပဲ. စုဟွမ် က ချက်ချင်းပင် သူမကို တားလိုက်ကာ- " လောင်အာ. မလှုပ်နဲ့ဦး၊ သမီး က အခုမှ နိုးလာရုံပဲရှိသေးတာလေ၊ သမီးရဲ့ကိုယ်ခန္တာက ဒဏ်ရာတွေကနေ သက်သာစပြုရုံပဲ ရှိသေးတယ်! သမီး လှုပ်ရှားလို့မရသေးဘူးလေ!"

လင်ရှန်းလဲ မရုန်းကန်တော့ဘဲ နာခံစွာဖြင့် သူမရဲ့ခေါင်းကို ညိတ်ပြလိုက်ကာ အိပ်ရာထက်တွင်ပဲ ပြန်လည်၍ လဲလျောင်းနေလိုက်တော့သည်. ရုတ်တရက်ကြီး အရာအားလုံးက စစ်မှန်မှုမရှိတော့သလို ခံစားလိုက်ရသည်။

'ဘာတွေဖြစ်ခဲ့တာလဲ?' သူမ ရဲ့ခေါင်းက နာကျင်လာပြီးတော့ ဒီအချိန်အခိုက်အတန့်မှာပဲ သူမရဲ့လက်ရှိအခြေအနေကို ခဏထားရစ်ခဲ့လိုက်ပြီးတော့ သူမရဲ့မတော်တဆမှုဖြစ်ရပ်ကို ပြန်ပြီးစဉ်းစားကြည့်လိုက်သည်. အိပ်ရာပေါ်မှာ လဲလျောင်းနေလျက်သားပင် သူမ စိတ်တွေရှုတ်ထွေးနောက်ကျိလာခဲ့သည်။

သူ့သမီးဖြစ်သူ နိုးလာကြောင်းကို ကြားလိုက်ရတာနဲ့ စုန့်ရှမ်းက သူ့၏အလုပ်တာဝန်တွေကို အပြီးသတ်လိုက်ပြီးတော့ စုန့်လင်းဖန်နှင့်အတူ အပြေးအလွှားဝင်ရောက်လာခဲ့သည်။

"လောင်အာ၊ နောက်ဆုံးတော့ သမီးလေး နိုးလာခဲ့ပြီပဲ! သမီးက အဖေ့ ကို သေသွားအောင်လို့ ခြောက်လှန့်နေတာပဲ!" စုန့်ရှမ်း မှာ သမီးတစ်ယောက်နှင့်သားတစ်ယောက်တည်းသာ ရှိတာဖြစ်သည်. ထို့ကြောင့် သူက သူ့ရဲ့သားသမီးတွေကို ရတနာတွေလိုမျိုးပဲ သဘောထားခဲ့တာပဲဖြစ်သည်. သူ့သမီးဖြစ်သူ၏ပုံရိပ်အမှန်ကို ထုတ်ဖော်ပြီး ချမပြနိုင်သော်လည်း သင်ခန်းစာမယူတတ်တဲ့ သူမကတော့ သူချစ်ရတဲ့ မိသားစုဖြစ်နေတာပဲ ဖြစ်သည်. သူ့သမီးဖြစ်သူ၏ဖျားနာမှုက တစ်ညတည်းနဲ့ သူ့ကို နှစ်တော်တော်များများစာလောက် အိုမင်းသွားစေခဲ့တာပဲ ဖြစ်သည်, 'အခုတော့ သူမ က နိုးလာခဲ့သည်လေ၊ သူ ဘယ်လိုလုပ်ပြီး စိတ်မလှုပ်ရှားရဘဲ နေနိုင်မှာတဲ့လဲ'

အရှင့်သား ကျွန်တော်မျိုး မှားမှန်းသိပါပြီ[Zawgyi Version]Where stories live. Discover now