အပိုင်း(၄၅)

28 5 0
                                    

အပိုင်း(၄၅)

အချိန်ကအလွန်လျင်မြန်စွာဖြင့်ပင် လိန်ဖန်က အခုဆိုအသက်ဆယ့်ကိုးနှစ်ထဲသို့ ရောက်ရှိနေပါပြီ..သူက တောတောင်ထဲတွင် သူ့၏ဓားရေးကို လေ့ကျင့်လို့နေချိန်တွင် ရုတ်တရက် ရုန့်ရင်းကြမ်းတမ်းသော ဆူညံသံတွေကို အနီးအနားကနေပြီး ကြားလိုက်ရသည်. ဓားရှည်ကို ဆွဲကိုင်၍ သူတစ်ချက်သွားကြည့်လိုက်သည့်အခါတွင်တော့ လူအုပ်စုတစ်စုက အသက်လတ်ပိုင်းအရွယ်လူကြီးနှစ်ယောက်ကို ဝိုင်းရံထားကြတာကို မြင်လိုက်ရသည်. ယောက်ျားနှစ်ယောက်ကိုကြည့်ရတာတော့ ရှုံးနိမ်နေတဲ့ပုံပေါက်နေ၍ သမာသမတ်ကျသော လိန်ဖန်က ရှေ့သို့တိုးသွားခဲ့ကာ သူ့၏အားကောင်းသောဓားရှည်ကို အသုံးပြုပြီးတော့ ကယ်တင်ပေးလိုက်ခဲ့သည်။

ထိုအချိန်တုန်းကတော့ ယောက်ျားနှစ်ယောက်ထဲမှ တစ်ယောက်သောယောက်ျားက ရုပ်ဖျက်ထားခဲ့သော လက်ရှိအင်ပါယာဘုရင်ဖြစ်တဲ့ တုရင် ဖြစ်တယ်ဆိုတာ သူ မသိထားခဲ့ပါဘူး. တုရင်ဆိုတာက သူတစ်ခါမှကို မြင်ဖူးခဲ့ခြင်းမရှိခဲ့သော သူ့ရဲ့အဖေပင်ဖြစ်သည်။

တုရင်က လိန်ဖန်ကယ်ဆယ်တာကို ခံလိုက်ရကတည်းက သူက လိန်ဖန်ကို အလွန်ပင်ကျေးဇူးတင်ရှိခဲ့သည်. သူ နန်းမြို့တော်ကို ပြန်ရောက်တဲ့အခါတွင်တော့ သူက

လိန်ဖန်ကို နန်းတော်ထဲသို့ဝင်ရောက်ခစားရန် အမိန့်ပေးလိုက်ခဲ့ပြီး လိန်ဖန်အား တော်ဝင်ကိုယ်ရံတော်ချုပ်ရာထူးကို ပေးအပ်နှင်းခဲ့သည်။

လိန်ဖန်က ရွှေဓားစလွယ်ကို ချီးမြှောက်ခြင်းခံလိုက်ရပြီး နန်းတော်ကို သူဆန္ဒရှိသလို အချိန်မရွေး သွားလာဝင်ထွက်ခွင့်ကိုလည်းရရှိခဲ့သည်. မည်သည့်ကိစ္စမဆို မိမိသဘောအတိုင်း အရင်လုပ်ဆောင်နိုင်၍ သတင်းနောက်မှပို့လို့ရသော အခွင့်ထူးအာဏာကိုလည်း ရရှိခဲ့သည်။

ဒီလိုမျိုး ရာထူးအရှိန်အဝါမျိုးကတော့ သာမာန်လူတစ်ယောက်အနေဖြင့် အိမ်မက်အနေနဲ့သာလျင် မက်လို့ရနိုင်တဲ့ ဩဇာအာဏာပင်ဖြစ်သည်. မကြာမီမှာပင် လိန်ဖန်၏နာမည်က နန်းတော်တစ်ခုလုံးသို့ ပျံ့နှံ့လို့သွားတော့သည်။

အရှင့်သား ကျွန်တော်မျိုး မှားမှန်းသိပါပြီ[Zawgyi Version]Wo Geschichten leben. Entdecke jetzt