အပိုင်း(၄၄)** A Little Bit

56 5 0
                                    

အပိုင်း(၄၄)** A Little Bit

တွေ​ဝေမိန်းမောလို့နေသော သူမ၏စိတ်ထဲတွင် လင်ရှန်းက 'စုန့်လောင်'လို့ခေါ်နေတဲ့အသံကိုဆက်တိုက် ကြားလိုက်ရသည်. အသံက လိန်ဖန်အသံနဲ့ တူနေပြီး သူမစိတ်ထဲတွင် သိပ်မဝမ်းသာမနေခဲ့ပေ. သူမမျက်လုံးတွေက တင်းကျပ်စွာပိတ်ထားလျက်နဲ့ပင် သူမ ကယောင်ကတမ်းတွေပြောလိုက်ခဲ့သည်.-

"ဘာစုန့်လောင်လဲ..... ကျွန်မမျိုးနွယ်အမည်က လင်း.. ကျွန်မနာမည်က လင်ရှန်း. လင်းမိသားစုကလာတဲ့ လင်ရှန်း.....လင်ရှန်းကလာတဲ့ရှန်း......."

လင်ရှန်းတွင် ဘာအသိစိတ်မှ နိုးကြားမလာတော့ပေ. လိန်ဖန်တစ်ယောက် အလွန်ထိတ်လန့်ခြောက်ခြားသွားတော့သည်. သူက ဆက်၍ အော်ခေါ်လိုက်တယ်. _ "စုန့်လောင်! ထတော့၊ မအိပ်နဲ့တော့!! စုန့်လောင်!!"

"ကျွန်မပြောပြီးပြီလေ. ..ကျွန်မက စုန့်လောင်မဟုတ်ဘူးလို့၊ ကျွန်မက လင်ရှန်း၊ လင်း...ကျွန်မ..အရမ်းပင်ပန်းနေပြီ.၊ ကျွန်မ နည်းနည်းလေးထပ်အိပ်လိုက်ဦးမယ်....."

စုန့်လောင် သတိပြန်မလည်လာတော့ကတည်းက လိန်ဖန်တစ်ယောက် ဆောက်တည်ရာမရဖြစ်သွားသည်. ထိုအချိန်အခိုက်အတန့်တွင် သူက တစ်ခုခုကိုသဘောပေါက်သွားသလို ထင်လိုက်ရပြီးတော့ ဆုံးဖြတ်ချက်ချလိုက်၍ သူမအား ကြိုးစားပြီးခေါ်လိုက်သည်.- '' လင်ရှန်း..."

သူ့၏အသံက အကျယ်ကြီးမဟုတ်ပေမယ့် လင်ရှန်းတစ်ယောက်ကိုတော့ ကြောင်အမ်းသွားစေသည်. သူမက ကယောင်ကတမ်းပြောနေတာကို ရပ်တန့်လိုက်သည်။

"ရှန်းရှန်း" လိန်ဖန်က ထပ်ခါပြောလိုက်သည်။

'ဘယ်သူလဲ။ ဘယ်သူ ငါ့နာမည်ကို ခေါ်နေတာလဲ။ သူမ ဒီနေရာကို ရောက်လာကတည်းက သူမနာမည်ခေါ်တာကို လုံးဝမကြားဖူးခဲ့ရပါဘူး. အဲဒီအသံက အနည်းငယ်ထူးဆန်းသလိုရှိပေမယ့် မိသားစုဝင်တွေတော့ မဟုတ်ပါဘူး. ရှန်းရှန်းဆိုတာက သူမ မိဘတွေ သူမငယ်ငယ်တုန်းက သူမကို ခေါ်တဲ့နာမည်ပဲ. လင်ရှန်း ထပ်ခါတစ်လဲလဲစဉ်းစားနေလိုက်တယ်။

"အဖေ.....အမေ....." လင်ရှန်း အော်ငိုလိုက်တယ်. သူမ နောက်ဆုံးတော့ သူမမျက်လုံးတွေကို ဖွင့်လိုက်ပြီးတော့. "အဖေ့! အမေ့!!! အဖေ....." လင်ရှန်းက သူမ ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်တော့ သူမ အဖေနှင့်အမေ ရှိမနေတာသိလိုက်တယ်. သူမ အိပ်မက် မက်နေခဲ့တာလား.။

အရှင့်သား ကျွန်တော်မျိုး မှားမှန်းသိပါပြီ[Zawgyi Version]Where stories live. Discover now