အပိုင်း(၆၇)**

36 3 0
                                    

အပိုင်း(၆၇)**

ထူးဆန်းသည့်အဖျားပိုးကို ကုသပေးနိုင်မည့်ဖြေဆေးကို ဖြစ်နိုင်သမျှ မြန်မြန်ရအောင်ရှာဖွေနိုင်ဖို့ရန်အတွက် လိန်ဖန်နဲ့ပူးပေါင်း၍ အမည်းရောင်သစ်တောထဲသို့ ဝင်ရောက်နိုင်ရန် ညတွင်းချင်းပင် တုဟောင်က သူ့ကိုယ်ပိုင်စစ်တပ်က လူတွေကို စုဆောင်းတော့သည်။

လင်ရှန်းမှာတော့ အတူလိုက်ပါဖို့ ခွင့်ပြုချက်မရခဲ့လေတော့ သူမက သူမအိပ်ရာထက်တွင်သာ ဒေါကန်ပြီးတော့သာ လှိမ့်နေလိုက်ရတော့သည်. သူမက ရွှေပြားတွဲတစ်ထောင်ရဖို့ အရမ်းကိုပင် နီးနီးလေးဖြစ်သွားကာမှ အခုတော့ သူမနဲ့လွဲချော်သွားခဲ့လို့ပါပဲ. သူမက မကျိတ်နိုင်မခဲနိုင်ဖြင့် ဟိုဘက်လှည့်လိုက် သည်ဘက်လှည့်လိုက်နဲ့ အိပ်ရာထဲတွင် ဆက်တိုက်လူးလှိမ့်လိုက်နေတော့သည်။

ထူးဆန်းနေတာက ရုတ်တရက်ကြီး သူမရင်ထဲမှာ တစ်ခုခုမတင်မကျဖြစ်နေသလို ခံစားလိုက်ရသည်. တစ်စုံတစ်ရာက ငါးစာချနေသလို သူမထင်သွားခဲ့သည်. သို့သော်လည်း အချိန်အကြာကြီးယူကာ စဉ်းစားကြည့်လိုက်တာတောင် ဘာဖြစ်​နေတာမှန်း သူမတွေးလို့မရခဲ့ပေ. ဘာမှတွေးလို့မရခဲ့တဲ့အစား သူမ အိပ်ပျော်နိုင်ဖို့ ပိုပိုခက်ခက်လာနေခဲ့သည်. 'မနက်ဖြန်ကျရင် လိန်ဖန်ထွက်သွားမှာကြောင့်များ ငါအိပ်လို့မရတာများ ဖြစ်နေမလားမသိဘူး. ရလဒ်တစ်ခုအ​နနဲ့ ဒီထူးထူးဆန်းဆန်းအာရုံက ပိုပိုပြီးတော့ဆိုးလာတာကိုပဲ သူမ ကျိတ်မှိတ်ခံစားနေရတော့မှာလား?'

လင်ရှန်းက အကြိမ်အရေအနည်းငယ်လောက် လူးလွန့်လိုက်ကာ လိန်ဖန်ဆီကို တိတ်တိတ်လေး သွားလည်ပတ်ဖို့ ဆုံးဖြတ်လိုက်တော့သည်။

သူမရဲ့ကိုယ်ပိုင်အစေခံမလေးဖြစ်တဲ့ ရှောင်လုက သူမနဲ့အတူတစ်ခန်းထဲမှာ အိပ်နေကျရှိတာပဲဖြစ်သည်. ရှောင်လုက အိပ်မှုန်စုန်မွှားဖြင့် သူမမျက်စိတွေကို ပွတ်သတ်လိုက်ကာ မေးလိုက်လေတယ်.- "သခင်၊ နောက်ကျနေပြီလေ၊ သခင်ဘယ်သွားမလို့လဲ"

"ငါ အရာရှိလိန် ခရီးထွက်ဖို့ ပြင်ဆင်နေတာကို သွားပြီးကြည့်မလို့"

"ဖူး... သခင် က ရွှေဓားစလွယ်ကို မမေ့နိုင်သေးဘူးလား..အာ.. သခင်...သခင်ကတော့လေ ရင့်ကျက်ဖို့လိုနေပြီ...." ရှောင်လုက လင်ရှန်း သူမအပေါ်ကို ဒေါသချောင်းချောင်း ထွက်မလာခင် နောက်ပြန်လှည့်လို့သွားခဲ့ကာ ဆက်လက်အိပ်လိုက်တော့သည်။

အရှင့်သား ကျွန်တော်မျိုး မှားမှန်းသိပါပြီ[Zawgyi Version]Where stories live. Discover now