{Unicode}
... မင်းက ငါ့မိန်းမ ဖြစ်လာမယ့်သူ...
နံနက်ပိုင်း...
မိုးတစ်နေ့...
"ပျိုးငယ်... ဒီကို ခဏ..."
အခုမှ နယ်ဘက်က ပြန်လာသည့် အစ်ကိုက ရေချိုးပြီးသည်နှင့် အ၀တ်အစားလဲကာ ဧည့်ခန်းက ကုတင်ပေါ် ထိုင်နေသည်။ မျက်နှာက တည်နေပြီး သူ့လက်ထဲမှ ဖုန်းကိုလည်း ကြည့်နေရင်းမှ ကျွန်တော့်ကို ခေါ်လာသည်။
"အငယ်လေး... သွားလိုက်လေ..."
အစ်ကို့အမေ အရီးလေးက ပြောလာချိန်မှာတော့ ကျွန်တော် အကြပ်ရိုက်တော့သည်။
"အစ်ကိုက ပျိုးငယ် နေမကောင်းဖြစ်တာ သိနေရင် ဘယ်လိုနေမလဲ? ပျိုးငယ်ကို ဆူလောက်လားဟင်? အစ်ကိုက ပျိုးငယ်ကို နေမကောင်းဖြစ်တာနဲ့ သတ်ပစ်မယ်တဲ့..."
"သြော် ဒီကလေးကတော့...
သူ သတ်မပစ်သေးလို့ဘဲ ဒီလိုလေး ရှိနေနိုင်တာ မဟုတ်ဘူးလား? သူ သတ်ပစ်မယ်ဆိုတာ မင်း နေမကောင်းတာကို သူမကြိုက်လို့ စိတ်ပူလို့ ပြောတာ...""ဒါပေမယ့်... ပျိုးငယ် အစ်ကို့ကို ကြောက်တယ်...။ အစ်ကိုက အခု တောထဲက မိုးမိပြီး ပြန်လာတာ ... မောနေသလား မသိဘူး..."
"အယ်ကွယ်... ငဦးသတ်ရင် အစကတည်းက သေပြီးပြီ...။ သူ လုပ်ရင် ကြိမ်းမနေဘူး... မင်းပဲ ကြိမ်းခံရတာ သူ မလုပ်ရက်လို့...။ သွား... အမေတို့လည်း ရှိတယ် မကြောက်နဲ့... သူ ကြိုက်လွန်းလို့ ဇွတ်ယူထားတဲ့ အလှလေးကို သူ မသတ်ပါဘူး..."
"အရီးလေး..."
"ကဲပါ အငယ်လေးရယ်... သွား...။ သူ့ဆီမသွားမှ သူလိုက်လာရင် ပိုဆိုးမယ်..."