အပိုင်း (၃၃)

4.1K 310 57
                                    

{Unicode}

... My Sensory...

****

ဒီနေ့..
ဒီနေ့က အစ်ကိုတို့ ကျောင်းပိတ်သည့် ရက်ပင် ဖြစ်သည်။

ဒါကြောင့် သူ့သူငယ်ချင်းများနှင့်အတူ ကျွန်တော့်ကို ပြင်ဦးလွင်က နေရာစုံကို လိုက်ပို့ပေးဖို့ ပြင်ဆင်ကြသည်။ အစ်ကို့သူငယ်ချင်းများက ကားနဲ့ လိုက်ပို့ဖို့ ပြင်ပေမယ့် တစ်ယောက်ကို တစ်စီးဆိုသလိုပင် ဆိုင်ကယ်ဖြင့် ဖြစ်သည်။ အစ်ကို သူငယ်ချင်းများက လေးယောက်၊ ကျွန်တော်နှင့်အစ်ကိုက တစ်စီးပင် ဖြစ်သည်။

ကျွန်တော်တို့ နံနက်စာ စားဖို့ ဆိုင်တစ်ဆိုင်မှာပင် ထိုင်နေမိသည့် အချိန်ပင် ဖြစ်သည်။ ကျောင်းပိတ်ရက်မို့ ဒီနေ့ကတော့ သာမန်ထက်ကို လူများသည့် နေ့လို့ ဆိုရမလားပင်..။ အစ်ကို့သူငယ်ချင်းများ အကုန်လုံးနဲ့ အစ်ကို့လိုပင် ဆိုဒ်နှင့် ဂိုက်နဲ့ပင် ဖြစ်သည်။

ခန္ဓာကိုယ် ဖွံ့ဖွံ့ထွားထွား အရပ်ရှည်ရှည်နဲ့ပင် ဖြစ်သည်။ ဖွဲ့စည်းပုံက အစ အကုန်တူညီနေပြီး နူတ်ခမ်းမွှေး၊ ပါးသိုင်းမွှေးရေးရေးနှင့် မုတ်ဆိတ်မွှေးများက အပြည့်ဖြစ်သည်။ ဆေးလိပ်၊ ဘီယာများကို စွဲစွဲလမ်းလမ်းသောက်တတ်ပေမယ့် ကွမ်းစားတာကတော့ မတွေ့ဖူးပါ။

အစ်ကို အပါအဝင် အစ်ကို့သူငယ်ချင်းများ အကုန်လုံးက ဝတ်ပုံစားပုံက အစ တူညီနေတာမျိုးပင်။ ဒီနေ့မှာတော့ အစ်ကိုက အောက်ဘက်မှ မပြောင်းမလဲ တီရှပ်တစ်ထည်ဖြစ်သည်။ အပေါ်မှာတော့ အစ်ကို့ခါးကျော်ကျော် jean jacket အပြာရင့်ဖြင့်ပင် ဖြစ်သည်။ ဒီဇိုင်းဆန်းဆန်းဖြင့် ရှိနေပြီး အစ်ကို့ပုံစံက အတော်လေးကို free style ဖြင့် မိုက်နေတာမျိုးပင် ဖြစ်သည်။

နံနက်ခင်းမှာတော့ အစ်ကိုက beanie အနက်နှင့်အဖြူ စပ်ထားသည့် အရောင်ကို ခေါင်းပေါ်မှာ ဝတ်ဆင်ထားသည်။ အစ်ကိုက ကျောင်းနေခဲ့စဉ်အတွင်း သူ့တီလေးက ဘယ်လောက်တောင် ဝယ်ပေးခဲ့လဲ သေချာမသိ။ အဝတ်အစားများက တောင်ပုံရာပုံ ဖြစ်သည်။ ရွာမှာ ပုဆိုးဖြင့်ပင် ဖြစ်သလို နေတတ်သည့် အစ်ကိုက အခုအခါမှာတော့ လုံးဝကို မမှတ်မိနိုင်လောက်အောင် ဖြစ်သည်။

မင်းက ငါ့မိန်းမဖြစ်လာမယ့်သူ (season-2)Where stories live. Discover now