အပိုင်း (၂၉)

4.7K 328 105
                                    

{Unicode}

... မကောက်နဲ့... အဲ့လိုကောက်မနေနဲ့...
ငါ ထမင်းဝိုင်းလည်း မချန်ဘူးနော်...
ဆွဲဖက်နမ်းပစ်မှာ...

***

တစ်ပတ်မျှ ကြာသောအခါ...


ဒီအတောအတွင်း ကိစ္စတော်တော်များများ ဖြစ်သွားခဲ့သည်...။ အစ်ကိုက ကျွန်တော့်ရှေ့မှာတင် ဒေါက်တာမင်းမျိုးနွယ်ကို သူ့ကိုယ်သူ သတ်သေဖို့ ပြောကြားသည်...။


နောက်ဆုံးတော့ ဒေါက်တာမင်းမျိုးနွယ်က အဲ့ဒီဓားဖြင့်ပင် သူ့လည်တိုင်ကို ဖြတ်တောက်ဖို့ ကြိုးစားခဲ့သည်...။ အဲ့ဒီနေ့က..


"သတ်လိုက သေမယ်ဆို... သေလိုက်တော့လေ!!!"

အစ်ကိုက အော်ဟစ်ကာ ပြောကြားလေတော့ ကျွန်တော်လည်း အစ်ကို့ရင်ခွင်ထဲမှာ ရှိနေရင်းမှ နိုးလာခဲ့မိသည်...။ မြင်ကွင်းက မသည်းမကွဲ ရှိနေဆဲမှာပင် ရုတ်တရက် ဒေါက်တာကို တွေ့လိုက်ရသည့် အနေအထားကြောင့် ချက်ချင်းဆိုသလို အစ်ကို့ရင်ခွင်ထဲမှာ ထ ကာ အစ်ကို့ကို ကြည့်လိုက်မိသည်....။

"အစ်ကို..."


ကျွန်တော်က ခပ်ဖွဖွ ခေါ်လိုက်ပေမယ့် အစ်ကိုကတော့ လုံးဝကို သူ့ဦးတည်ချက်က တစ်ခုတည်း...။ သူ့အကြည့်က အပြစ်သားကို အပြစ်နာခံဖို့ အမိန့်ပေးနေသလိုပင်....။


မလွန်သင့်တာတွေ မလွန်ဖို့ အစ်ကို့လက်မောင်းကို ကိုင်ကာ အနည်းငယ် လှုပ်ခါလိုက်ပေမယ့်.... အစ်ကို့ဘက်က...


"အခုထိ မသေသေးဘူးလား!!!"


အစ်ကိုက အော်ဟစ်လိုက်သည့် အသံနောက်မှာတော့ ဒေါက်တာက သူ့လည်ပင်းကို ဓားသွားပေါ် တင်စေသည်....။ ထိုအချိန်မှာတော့ ကျွန်တော့်မျက်နှာကို အစ်ကိုက သူ့လက်နှစ်ဖက်ဖြင့်ပင် ဖိပိတ်ထားသည်...။


"လည်ပင်းက လွဲရင် ကျန်တဲ့နေရာတွေကို အသက်ဆုံးရှုံးဖို့အတွက် ရွေးချယ်နိုင်တယ်..."


ထင်တာတော့ လည်ပင်းဆိုတာက ကျွန်တော် ကိုယ်တိုင် ဖြတ်တောက်ခဲ့ဖူးသည့် ဒဏ်ရာဖြစ်လို့ ထင်သည်...။ ကြာတော့ အဆင်မပြေတော့... အစ်ကို့ကို တစ်ချက်ကြည့်လိုက်ပြီး...

မင်းက ငါ့မိန်းမဖြစ်လာမယ့်သူ (season-2)Where stories live. Discover now