{Unicode}
....ငဦးစာ....
****
...ပန်းရတီ ကားဂိတ်...
အစ်ကို့သဘောအတိုင်း ကျွန်တော်တို့ ညကားဖြင့်ပင် ထွက်လာမိသည်...။ ကျွန်တော်က အနည်းငယ် ကားမူးတတ်သည်မို့ ကားစ ပြီးတက်ကတည်းက အိပ်ပျော်ဖို့ ကြိုးစားမိသည်...။
အစ်ကို့စီစဥ်မှုနှင့် VIP ကားဖြင့် ပြင်ဦးလွင်သို့... ။ VIP ကားမို့ ပုံမှန်လိုတော့ မဟုတ်... ကျယ်ကျယ်ဝန်းဝန်းဖြင့် ရှိသည်...။ ကျွန်တော်လည်း ကားပေါ်ရောက်သည်နှင့် ခုံကိုမှီပြီး အိပ်ပျော်ဖို့ ကြိုးစားမိသည်...။
ဒါပေမယ့် အစ်ကိုကတော့...
"ဒီကိုလာ..."
သူ့ရင်ခွင်ထဲ အတင်းဆွဲသွင်းနေတာမို့... ကျွန်တော်လည်း အစ်ကို့ဆီမှ ဖယ်ဖို့ ကြိုးစားပြီး....
"ရတယ်... ပျိုးငယ် မူးမှာစိုးလို့...။"
ထိုအချိန်မှာတော့ အစ်ကိုက ဘာမှမပြော... ဒါပေမယ့် ကျွန်တော့်နောက်ကျောဘက်မှ သိုင်းကာ ဖက်လိုက်ပြီး ကျွန်တော် ခေါင်းစောင်းရာဘက်သို့... သူ့လက်ဖဝါးကို ကာထားကာ... ကျွန်တော့်ကို ထိခိုက်မှာစိုး၍ပင်....။
နာရီအနည်းငယ် အကြာ...
"အစ်ကို... ဘယ်ရောက်နေပြီလဲ?"
ကျွန်တော်က အိပ်ရာမှ နိုးသွားသည့် အချိန်မှာတော့ အစ်ကို့ရင်ဘတ်ပေါ်မှာပင် ဖြစ်သည်...။ ကျွန်တော်က အစ်ကို့ရင်ဘတ်ပေါ်မှ ထ ပြီး ခုံပေါ်မှာ အိမ်ပေါ်မှာ ကြိုးစားနေစဥ်မှာပင်....
"ဘယ်မှ မရောက်သေးဘူး... လာ ဒီကိုလာ..."
အစ်ကိုက ဘာကို အလိုမကျလဲ မသိ... မျက်မှောင်တို့က တွန်းကျိုးကာဖြင့်... ။
"ရတယ်... ပျိုးငယ် ဒီဘက်မှာပဲ အိပ်လိုက်မယ်...။ ပျိုးငယ် အဲ့လိုမအိပ်တတ်ဘူး...။"
ထိုအချိန်မှာတော့ အစ်ကိုက ကျွန်တော့်ပုခုံးကို ကိုင်ကာ... သူ့ရင်ခွင်ထဲသို့ ဇွတ်အတင်းဆွဲသွင်း... ကျွန်တော့်မျက်နှာပေါ်မှ သူ့အနွေးထည် အစွန်းနှစ်ဖက်ကို အုပ်ထားသည်....။
"အစ်ကို... အစ်ကိုလို့... အဲ့လို မအိပ်နိုင်ဘူး...။"
ဒါပေမယ့် အစ်ကိုကတော့ ကျွန်တော့်ခန္ဓာကိုယ်ကို ပိုတင်းကြပ်စွာ ပွေ့ဖက်လာပြီး...