{Unicode}
....ပျိုးငယ်...
ကိုယ်တို့ ကလေးယူရအောင်...
ဘာအကာအကွယ်မှ မသုံးတော့နဲ့။***
တစ်ပတ်မျှ ကြာသောအခါ...
မီးဖိုခန်း...
"ရပါတယ် အစ်ကိုရယ်... ပျိုးငယ် ချက်လိုက်မယ်နော်...။ အစ်ကိုက ခဏ အိပ်လိုက်။ ပျိုးငယ် စကားကို နားထောင်နော်။"
အစ်ကိုက ကျွန်တော့်ကို ဇွတ်အတင်း ကူညီဖို့ ကြိုးစားပေမယ့် ကျွန်တော်က သူ့ကို နားဖို့ ပြောလေတော့ ဘာမှမပြောဘဲ မီးဖိုပေါ်မှ ခလုတ်အားလုံးကို ပိတ်ကာ ကျွန်တော့်ကို ခါးမွ ပွေ့ချီကာ အိပ်ရာပေါ်သို့...
"အစ်ကို မနက်စာလို့... မနက်စာအတွက် ပြင်ရမယ်...။"
ထိုအချိန်မှာတော့ အစ်ကိုက ကျွန်တော့်ကို ခါးမှတင်းကြပ်စွာ ပွေ့ပိုက်ပြီးသည့်နောက်...
"မနက်စာ... မလိုဘူး..."
ငြီးတွားသံ သဲ့သဲ့ဖြင့်ပင် ပြောကြားလာပြီးသည့် နောက်မှာတော့... ကျွန်တော်က အစ်ကို့ရဲ့ ခေါင်းအုံးအစား ပွေ့ဖက်မှုနောက်၌ အဆုံးသတ်ခဲ့ပြီ ဖြစ်သည်။
အစ်ကို့ဆံပင်များကို ထိတွေ့ပွတ်သပ်လိုက်မိသည်။ ထို့နောက် ကျွန်တော့်မျက်လုံးများကို ထပ်ပြီး မှိတ်လိုက်မိသည်။
ဟုတ်တယ်...
အစ်ကိုက မနက်စာ မလိုရင် ပျိုးငယ်က ချက်စရာ မလိုဘူး။နံနက် ၉နာရီ..
အစ်ကိုကတော့ ထမင်းစားပြီးသည်နှင့် ကျောင်းကို သွားဖို့ ပြင်ဆင်နေသည်။ ကျွန်တော်လဲ အစ်ကို့အဝတ်အစားများ၊ အစ်ကို့ရဲ့ ပစ္စည်းများကို စစ်ပေးနေမိသည်။ အစ်ကိုကတော့ အကုန်လုံး ပြီးသည်နှင့် ကျွန်တော့်ကို ခုံပေါ်မှာ ထိုင်စေသည်။ ထို့နောက် ကျွန်တော့်ကို ထိုင်ကာ စူးစူးစိုက်စိုက် ထိုင်ကြည့်နေသည်။
"မလိုက်တော့ဘူးလား..."
အစ်ကိုက သူကျောင်းသွားမှာကိုပင် ကျွန်တော့်ကို နူတ်ဆက်နေရင်းမှ ညက ပြောထားသည့် စကားကိုသတိရစြာ လာပြီး ပြောလေသည်။ ကျွန်တော်ကတော့ အစ်ကိုမသွားခင် ပုံမှန်အတိုင်း အစ်ကို့ကို ပွေ့ဖက်ပြီး တစ်နေ့တာအတွက် အစ်ကို ထိုင်ကြည့်တာကို ငြိမ်ငြိမ်လေး ခံရသည်။ အစ်ကိုက အမြဲတမ်း အဲ့လိုမျိုး တစ်နေ့တာ ကျွန်တော့်ကို မမြင်တွေ့ရမှုအတွက် သူစိတ်ကျေနပ်သည့်အထိ ထိုင်ကြည့်တတ်တာမျိုးပင်...။
![](https://img.wattpad.com/cover/342459113-288-k502965.jpg)