အပိုင်း (၃၄)

5.2K 359 17
                                    


{Unicode}

... Choke Me...

***

ဒီနေ့ မိုးအနည်းငယ် မှိုင်းထ ကာ ရွာနေပြီ ဖြစ်သည်။ မိုးအေးအေးနဲ့ ရာသီဥတုက အတော်လေးကို နေထိုင်လို့ ကောင်းနေသည်။ မိုးရေ ချိုးချင်ပေမယ့် အစ်ကိုကတော့ ကျွန်တော့်ကို မိုးသက်လေတောင် အထိမခံနိုင်တဲ့အထိ ဖြစ်သည်။

ဒီလိုနဲ့ မိုးက အတော်လေးကို ရွာသွန်းပြီးသည့်နောက် မိုးတအုံ့အုံ့နဲ့ ညနေပိုင်း ၃နာရီလောက် ရောက်လာသည်။

အစ်ကိုက ကျွန်တော် နေမကောင်းတာ ပွင့်ဖို့အတွက် တစ်ခုခုဝယ်ကျွေးမည်တဲ့။ ဒါကြောင့်မို့ပင် ကျွန်တော်လည်း ကိုယ်ရည်လက်ရည်သပ်ကာ  ပြင်ဆင်နေမိသည်။ အစ်ကိုကတော့ ပုံမှန်အတိုင်းပင် အဝတ်အစားဝတ်ထားသည်။

သူ့ကိုယ်ပေါ်မှ နက်စွေးနေသည့် သူ့ခန္ဓာကိုယ်နဲ့တောင် အတော်လေး ပွယောင်းနေသည့် Hoodie တစ်ထည်ရဲ့ အောက်မှာ တီရှပ် အဖြူရောင်ကို ခံထားသည်။ အောက်ဘက်မှာတော့ ထုံးစံအတိုင်း ခဲရောင် sweatpant တစ်ထည်၊ အောက်ဘက်မှ flipflop အနက်ရောင်ဖြင့် ပေါ့ပေါ့ပါးပါး။

ကျွန်တော်ကတော့ မှန်တင်ခုံရှေ့မှာ... ရှိနေပြီး ခေါင်းမှ ဆံပင်များကို သေချာထုံးဖွဲ့ဖို့ ကြိုးစားနေမိသည်။ ပုံမှန်အတိုင်း အိမ်မှာက ဖရိုဖရဲ နေလို့ရပေမယ့်... အပြင်သွားရင်တော့ ကောင်းကောင်းမွန်မွန်လေး ဖြစ်အောင် လုပ်သွားရမည် ဖြစ်သည်။

အစ်ကိုကတော့ ကျွန်တော့်နောက်ကျောဘက်မှ တံခါးကို မှီကာ ကြည့်နေသည်..။ အစ်ကို့ပုံစံက မျက်နှာတည်တည်ဖြင့်ပင် ရှိနေသည်မို့... ကျွန်တော်လည်း ထိုင်ခုံမှ အလျင်အမြန်ပင် ထ လိုက်မိသည်။

"အစ်ကို.. ပျိုးငယ်.. ပြီးပြီ..။ သွားကြမယ်လေ..."

ထိုအချိန်မှာတော့ အစ်ကိုက ကျွန်တော့်ကို တစ်ချက် စူးစူးစိုက်စိုက် ကြည့်နေသည်။ ထို့နောက် ကျွန်တော့်ဆီသို့ လာပြီးသည့်နောက်မှာတော့... ကျွန်တော့်လည်တိုင်ကို ကိုင်ကာ...

"အတော်လှချင်နေတာလား.. မင်း ဒီပုံစံနဲ့ ဘယ်ကိုမှ သွားခိုင်းမှာ မဟုတ်ဘူး..."

မင်းက ငါ့မိန်းမဖြစ်လာမယ့်သူ (season-2)Where stories live. Discover now