{Unicode}
... ပျိုးငယ်က
အစ်ကို့ကို ရူးလောက်အောင် ချစ်တာ...
အစ်ကိုပဲ ချစ်တတ်တယ် မထင်နဲ့...။****
ယခင်အပိုင်းမှ အဆက်...
"Babe...
မင်း အသက်ရှင်နေရတာ ပျင်းနေလို့လားဟင်?"အစ်ကို့ထံမှ ငြိမ်ငြိမ်ဖြင့်ပင် ထွက်လာသည့် အသံနောက်မှာတော့ ကျွန်တော်လည်း နူတ်ဆိတ်နေမိသည်...။
အစ်ကိုက နောက်ထပ် ဘာစကားမှ မပြောတော့ဘဲ မကွေးမြို့အစွန်က လမ်းကြားတစ်ခုထဲသို့...။
အစ်ကို လာသည့်အချိန်မှာတော့ အနည်းငယ် လူချိန် တိတ်ချိန် ဖြစ်သည်...။ လမ်းမီးဝါကျင်ကျင်များနှင့်အတူ တစ်ခါတစ်လေ ဖြတ်သန်းသွားလာနေသည့် အဝေးပြေး ကုန်ကားများနှင့် Express ကားများ၊ ဆိုင်ကယ်များသာ... လမ်းပေါ်မှာ လူမရှိသလောက် ဖြစ်နေသည့် လူချိန် တိတ်ချိန် ဖြစ်သည်....။
အစ်ကိုက သစ်ပင်အရိပ်ကြောင့် အနည်းငယ် မှောင်ရိပ်ထိုးကျနေသည့် နေရာတစ်ခုအရောက်..
သူ့ဆိုင်ကယ်ကို ထိုးကာ ရပ်လိုက်မိသည်...။ ကျွန်တော်လည်း အစ်ကို့ဆိုင်ကယ် ရပ်လိုက်မိသည့် အချိန်မှာတော့... အောက်ကို ဆင်းလိုက်မိသည်....။
"ပျိုးပင်ငယ်..."
"ဟုတ်ကဲ့ အစ်ကို..."
"ငါက မင်းကို ကျောင်းထားပေးခဲ့တာက... မင်းမရှိရင် ဖြစ်သွားမယ့် ငါ့ရဲ့ ရူးသွပ်မှုတွေ အကုန်လုံးကို ရင်းနှီးမြှုပ်နှံပြီး ထားရတာ...။ အဲ့ဒါကို မင်းက ကောင်းကောင်းမနေဘဲ ဘာဖြစ်ချင်တာလဲ ပျိုးငယ်...။"
"အစ်ကို ယုံကြည်နိုင်သလား မသိပေမယ့် ပျိုးငယ်အတွက် မှန်သော သစ္စာစကားက ပျိုးငယ့်ဘဝမှာ အစ်ကိုကလွဲပြီး ဘယ်သူမှ မရှိဘူး...။ ဘယ်သူ့ကိုမှ ထပ်မချစ်နိုင်တော့ဘူး...။ အစ်ကိုက ပျိုးငယ့်ကို ရူးလောက်အောင် ချစ်သလို ပျိုးငယ်ကလည်း အစ်ကို့ကိုပဲ... အစ်ကိုတစ်ယောက်တည်းကိုပဲ ရူးလောက်အောင် ချစ်တာ...."
"ကောင်းပြီ... ဒါဆို ဆိုင်ကယ်ပေါ် ပြန်တက်..."
အစ်ကိုက တည်ငြိမ်စွာဖြင့်ပင် ကျွန်တော့်ကို ဆိုင်ကယ်ပေါ်သို့ တက်ခိုင်းလေပြီ...။ ကျွန်တော်လည်း ဘာမှမပြောဘဲ အစ်ကို့စကားအတိုင်း ဆိုင်ကယ်ပေါ်သို့ တက်လိုက်မိသည်....။