အပိုင်း (၂၇)

4K 323 148
                                    

{Unicode}

... ဒီမြတ်နိူးတွေက တစ်ခါတစ်လေ
အစွန်းရောက်နိုင်ပေမယ့်
မြစ်ဖျားခံရာ...
ရင်အတွင်းမှာတော့ နွေကန္တရာထဲ
နေအစင်းတစ်ရာ ပူနေသလို....။

***

ယခင်အပိုင်းမှ အဆက်...

ညနေပိုင်း

ဗြီ~~

အခုတော့ သိပ်ပြီး မြတ်နိူးရသည် ဆိုသော သူကတော့ မလှုပ်မယှက် ငြိမ်နေသည်...။ အသက်ရှုသံလည်း ဆိတ်သုဥ်းသွားတာမို့ သူ့ကို ကျွန်တော်နှင့် တစ်သက်လုံး ထားနိုင်ခဲ့ပြီ ထင်သည်....။

အေးဆေးစွာပင် ရှိနေခဲ့သည်... သူ၏ ခန္ဓာကိုယ်ကို တစ်ချက်ကြည့်ပြီးသည့်နောက်သဘောကျလွန်းသည့် အစိတ်အပိုင်းတစ်ခုကို မျက်နှာသေးသေးလေး....။

တယုတယ ပွတ်သပ်ပြီးသည့်နောက် ဘလိတ်ဓားပါးပါးလေး၏ ဇောင်းဖြင့် တိခနဲ ​ဖြတ်လိုက်မိသည်...။ ထို့နောက် ထိုနေရာကပင် လက်ဖြင့် နှိုက်ကုတ်ကာ သူ့အပေါ်ယံမျက်နှာပါးကို ခွာလိုက်မိသည်....။

အရေပြားက အသား၊ အဆီ၊ အသွေးများဖြင့် ပေါင်းစပ်ထားသည်မို့ စနစ်တကျတော့ ခွာရခက်နေသည်...။ ဒါပေမယ့် အချိန်အနည်းငယ် ကြာပြီးသည့်နောက်မှာတော့ ထိုအရေခွံက အလုံးစုံ ကွာကျသွားမိသည်...။

ထို့နောက် သူ့ခြေထောက် ခြေချင်းဝတ်ကို ခုတ်ထစ်လိုက်မိသည်...။ ပေါင်အသားလွှာကို ဓားဖြင့် ပါးပါးလွှာလိုက်မိသည်...။ ပါလာသည့် ထိုအသားလွှာကို ကျွတ်မဲဖြင့်ပင် ထုတ်လာပြီး အောက်သို့ ဆင်းလာမိသည်....။

မီးဖိုခန်းထဲ ရောက်သည်နှင့် ထိုအသားကို ဇလုံတစ်ခုထဲ ထည့်ပြီး ရေဆေးလိုက်မိသည်...။ သဘောကျ အပိုင်းငယ်များကို ဖြတ်တောက်ပြီးသည့်နောက်... မီးဖိုပေါ်သို့....။

Babe...
မင်းရဲ့ ရနံ့လေးတွေကတော့ အခုထက်ထိ အသက်ရှင်နေတုန်းကအတိုင်း မွှေးပျံ့နေတုန်းပဲ...။
စွဲမက်စရာ ကောင်းတုန်းပဲ...။

ဟင်းအိုးထဲမှာ အပူရှိန်ကြောင့် တဗွတ်ဗွတ် ရှိနေသည့် အသားတွေကို ကြည့်လိုက်မိပြီး ခေတ္တ ခဏတော့ မင်းများ ပူနေမလား တွေးနေမိသေးတယ်...။

မင်းက ငါ့မိန်းမဖြစ်လာမယ့်သူ (season-2)Where stories live. Discover now