{Unicode}... ငါညံ့လို့ ငါ ခံရတာ...
***
နှစ်ရက်မျှ ကြာသောအခါ...
ဒီတစ်ခါ ကျောင်းပိတ်ရက်ကတော့ ကျွန်တော် အိမ်မှာ ကောင်းကောင်းမွန်မွန် ရှိမနေနိုင်တော့...။
ရတု...
ရတုမျိုးနွယ်များက ကျွန်တော့်ကို ဖုန်းတောက်လျှောက်ခေါ်ကာ ပြောနေတာပင်...။ကျွန်တော့်မှာ အစ်ကို ကျွန်တော့်အပေါ် သံသယစိတ် မဝင်ဘဲ တတ်နိုင်သမျှ ပြဿနာကို တစ်ယောက်တည်း ဖြေရှင်းနိုင်ဖို့ ကြိုးစားနေမိသည်....။
ဖုန်းဝင်လာသည့် call တစ်ခုပြီး တစ်ခု block ထားမိသည်... ။ ဒါကိုပင် ဖုန်းကဒ်များစွာဖြင့် ခေါ်လာခဲ့သည်...။ ကြာတော့ သူပို့လာသည့် msgများကို ဖျက်လိုက်ဖြင့်ပင် ဗျာများနေခဲ့သည်....။
အခုနောက်ပိုင်း အရီးလေးကလည်း ဘာကို သိရှိထားသည်မသိ... အရင်ကလို သိပ်ပြီး လှိုက်လှိုက်လှဲလှဲ မရှိ...။ ပြီးတော့ စိတ်ထင်၍ပဲလား မသိ... အိမ်မှာ ရွာလယ်က ဆရာဝန်ကို အမြဲတွေ့နေရသည်...။
ကျွန်တော့်အပေါ် ကြည့်နေသည့် သူ့အကြည့်များက တစ်မျိုးဖြစ်သည်...။ ဘာကြောင့်မှန်း မသိ... ကျွန်တော်က အစ်ကို့ကို ဆုံးရှုံးရမှာကို ဒီရက်ပိုင်း အရမ်းကြောက်နေမိသည်...။
အခုအချိန်မှာတော့ ရတုကို ဒီအတိုင်း ပုံမှန်ဆက်ဆံပေးဖို့ လိုအပ်သည်...။ ကျန်တာထက် ဦးရတုမိုရ်ကို သတိထားရမည် ဖြစ်သည်....။
တီ...
msg ဝင်သံနှင့်အတူ ဖုန်းမှန်ပြင်ထက်၌ ပေါ်လာသည့် အရာကိုသာ ကြည့်လိုက်မိသည်....။{ပျိုး... အခု ကျွန်တော့်ဆီကို လာလို့ရမလားဟင်?}
ထိုmsgကို ဖတ်လိုက်ပြီးသည့်နောက် ချက်ချင်းဆိုသလို ဖျက်လိုက်မိသည်...။ သူပို့လာသည့် msgအရ သူဘာကို ဆိုလိုချင်နေမှန်း မသိ...။
ဒီmsgရဲ့ နောက်မှာ အကြောင်းတစ်ခုခု ပါနေမည် ဆိုတာလည်း မသိစိတ်က အလိုလို အာရုံခံနေမိတာမျိုး ဖြစ်သည်...။
ဂျွတ်!
ထိုmsg အကြောင်း တွေးတောနေရင်းမှ အိမ်ပေါ်အခန်း ကျွန်တော်ရှိရာသို့ တက်လာသည့် ခြေသံကြောင့် ရုတ်တရက် အတွေးစတို့ ပြတ်တောက်သွားမိသည်....။