အပိုင်း (၃၂)

3.1K 308 20
                                    

{Unicode}

.... Sensitive Content....

***

ရက်အနည်းငယ် အကြာ...

ဒီအတိုင်း အစ်ကိုနှင့်အတူ အတူတူရှိနေရင်းမှ နောက်ဆုံး semester တစ်ခုအတွက် ကျောင်းအပ်သည့် နေ့က ပြီးဆုံးသွားလေပြီ...။ အစ်ကိုက ကျောင်းကို ပြန်တက်နေတာပင် တစ်ပတ်နီးပါး ရှိနေပြီ ဖြစ်သည်။

ကျွန်တော်ကတော့ အစ်ကိုကျောင်းသွားမယ်ဆိုရင် တစ်ခါတစ်လေ အစ်ကိုနဲ့ ကျောင်းမှာ တစ်ခါတည်း လိုက်သွားတတ်ပြီး တစ်ခါတစ်လေ... အခန်းထဲမှာပင် ရှိနေမိသည်။

အစ်ကို့ဆီမှာ အစ်ကိုမရှိရင် အနည်းငယ် ပျင်းသလို ရှိနေပေမယ့် အစ်ကိုကတော့ ကျွန်တော် လိုအပ်တာမှန်သမျှ အကုန်ဖြည့်ဆည်းပေးတတ်ပါသ​ည်...။

ဒီနေ့တော့... အစ်ကိုတို့ကျောင်းမှာ... Junior ကြိုဆိုပွဲ ရှိသည်တဲ့...။ ဒါကြောင့်မို့ပင် ကျွန်တော်လည်း အစ်ကို့နောက်ကို မလိုက်ခဲ့ဘဲ အိမ်မှာပင် ရှိနေမိတော့သည်...။

အစ်ကိုက အဲ့ဒီပွဲပြီးတာနဲ့ ချက်ချင်းပြန်လာမှာမို့ပင်...။ ပြီးတော့ ကျွန်တော့်ဆီကိုလည်း ခဏ ခဏ ဖုန်းဆက်တတ်သေးတာပင်...။

Junior ကြိုဆိုပွဲ...

ဒီနေ့မှာတော့ ကျောင်းကို အသစ်လာရောက်မည့် ကလေးများကို ပဟေဠိပွဲများဖြင့်ပင် ကြိုဆိုမိသည်...။ ထိုထဲမှာတော့ သတ်မှတ်ထားသည့် senior ငါးယောက်ကို ရှာရမည် ဖြစ်သည်...။

Senior များက သာမန်အတိုင်း ရှိနေပေမယ့် ဘယ်သူ့ကိုမှ မေးလို့မရဘဲ ကိုယ့်ဘာသာ စိတ်ထင်တဲ့ သူကို ရှာရမည် ဖြစ်သည်...။

ပြောထားသည့် လူကို တွေ့တာနဲ့ ဓာတ်ပုံတွဲရိုက်ပြီး Groupပေါ် တင်ပေးရမည် ဖြစ်သည်။ ထိုသူ့ဆီက ကဒ်တစ်ကဒ်ဖြင့်ပင် နောက်လူကို ရှာရမည် ဖြစ်သည်။

အားလုံးက senior များ ခိုင်းထားသည့် လူများကို တွေ့ပေမယ့် မိမိမှာတော့ ကဒ်ပေါ်မှာ ရှိနေသည့် လူနာမည်ကို တစ်ချက်ရေရွတ်ကာ ဘယ်လိုရှာရမလဲ မသိတော့...။ အဲ့ဒီသူက နောက်ဆုံး ငါးယောက်မြောက်ဖြစ်ပြီး အဲ့ဒီသူကို တွေ့တာနဲ့ မိမိက ဆုငွေထုတ်ကာ ပြီးပြီဖြစ်သည်...။

မင်းက ငါ့မိန်းမဖြစ်လာမယ့်သူ (season-2)Where stories live. Discover now