Ice CREAM

5.1K 426 55
                                    

{Unicode}

"အစ်ကို.. ပျိုးငယ် မေးစရာရှိလို့..."

ထိုအချိန်မှာတော့ အစ်ကိုက ကျွန်တော်က ကြည့်လာပြီး... ခေါင်းကို ညိမ့်ပြသည်....။ ဓားသွေးကျောက်ပေါ် မြည့်နေသည့် ဓားကို တစ်ချက်ကြည့်လိုက်ရင်းမှ...

"အစ်ကို့ ရည်းစားတွေထဲမှာ ဘယ်သူကို အချစ်ဆုံးလဲ?"

ထိုအချိန်မှာတော့ အစ်ကိုက ကျွန်တော့်ကို တစ်ချက်ကြည့်လာပြီး... ခဏအကြာမှာတော့ အစ်ကိုက ဓားပေါ်ကိုသာ အာရုံထားလိုက်ကာ...

"ငါ့မိန်းမကိုပေါ့..."

ထိုအချိန်မှာတော့ ကျွန်တော်လည်း မတင်မကျ အစ်ကို့စကားကြောင့်.

"ရွာလယ်ပိုင်းမှ အလတ်မလေးလား?"

ထိုစကားနောက်မှာတော့ အစ်ကိုက... ကျွန်တော့်ကို တစ်ချက်ကြည့်လာပြီး....

"ငါလုပ်တာ မင်းပဲ ရှိတာလေ... ငါ အရာကို မင်းတစ်ယောက်အတွက်ပဲ သုံးခဲ့တာပဲ မဟုတ်ဘူးလား?"

"အစ်ကို... ဘယ်လိုကြီး ပြောနေတာလဲ?"

အစ်ကို့စကားကြောင့် နားရှက်ကာ အစ်ကို့အနားက ထွက်ပြေးဖို့ လုပ်လေတော့ အစ်ကိုက သူ့လက်ထဲမှ ဓားကို ချသည်။ ဘေးနားမှ ကျွန်တော့်ကို အတင်းဆွဲချုပ်ဖက်လာပြီး နမ်းလာလေပြီ။

"အား... အစ်ကို... ဟ‌င်းဟင်း..."

အစ်ကို့ပွေ့ဖက်လိုက်ပြီး နောက်မှာတော့ ကျွန်တော်လည်း အစ်ကို့အနမ်းအောက်မှာ ပျောက်ဆုံး၍...

နေ့လည်ပိုင်း...

နေ့လည်ပိုင်းမှာတော့ နေအရမ်းပူနေတာမို့ ရေခဲချောင်းစားဖို့ ပြင်မိသည်...။ အပြင်ဘက်မှ ရေခဲချောင်းသည် ထံသို့ အိမ်မှ အစ်မ တစ်ယောက်ကို အကူအညီတောင်းပြီး ဝယ်ခိုင်းမိသည်...။ အစ်ကိုက ရေခဲချောင်းသည် အစ်ကိုတစ်ယောက်ဆီ ရေခဲချောင်းဝယ်တာ ဟိုဘက်ကမရိုးမသား ဖြစ်တာကို အစ်ကို သိပြီးသည့် နောက် အပြင် ဈေးသည်များထံမှ ပျိုးငယ်ကို မုန့်ဝယ်စားတာမျိုး လက်မခံတော့...။


ဒါကြောင့်မို့ တစ်ခုခုဆိုရင် အိမ်မှာလားကစားတဲ့ ကလေးတွေ ၊ အရီးလေးကို ကူညီပြီး အလုပ်လုပ်ပေးသည့် အစ်မများကိုသာ အကူအညီတောင်းရသည်...။ 

မင်းက ငါ့မိန်းမဖြစ်လာမယ့်သူ (season-2)Where stories live. Discover now