အပိုင်း (၁၂)

9K 542 91
                                    

{Unicode}

.... အင်း...
အဲ့လိုလူမျိုးတွေက ရူးချင်စရာ...

****

Disclaimer: ဒီအပိုင်းက Cringe ဖြစ်နိုင်ပါတယ်...။ တစ်ချို့ sceneကြောင့် ကျော်ဖတ်ဖို့လည်း ရပါတယ်။ ဖတ်ပြီးမှ ဘာဆိုတာချည်းလို့ ပြောတာ ကျွန်တော် မကြိုက်ပါဘူး....။

ကျုပ်က ခင်ဗျားမဟုတ်လို့ ခင်ဗျားအတွေးနဲ့လည်း ကျုပ်က တူမှာမဟုတ်ပါဘူး...။ ကျုပ်က တွေးချင်တာ တွေးပြီး ရေးချင်တာ ရေးတတ်သူပါ... ပိုပြီးတော့တောင် ခင်ဗျားအတွေးနဲ့ သွေဖယ်နိုင်ပါတယ်။

အထူးတလယ် လာမပြောနဲ့ ကျုပ်အရေးအသားမကောင်းတာ ကျုပ်သိတယ်...။

ကဲ လွန်တာရှိ ဝန္တာမိပါလို့ အဲ...။

ယခင် အပိုင်းမှ အဆက်...

"အစ်ကို..."

နူတ်မှ ဖွဖွလေး ရေရွတ်လိုက်မိသည်.... ။ အစ်ကိုကတော့ သူ့လက်သီးကို ကြပ်ကြပ်ဆုပ်ထားပြီး မိမိဆီ တရွေ့ရွေ့....။

ထိုအချိန်မှာတော့ နံဘေးက မမကေသီကို ကြည့်လိုက်စဥ်မှာ မမကေသီလည်း မျက်စိမျက်နှာပျက်လျက်ပင်....။

တဖြည်းဖြည်းနဲ့ အစ်ကိုက ကျွန်တော်နှင့် ကပ်လျက် ရောက်လာပြီးသည့် အချိန်မှာတော့ ကျွန်တော့်လက်ထဲမှ ပန်းဗန်းကို တစ်ခြားတစ်ယောက်ကို လွှဲပေးလေပြီ...။ ထို့နောက် ကျွန်တော့်လက်ကို ဆွဲကာ ကျောင်းဝန်းပြင်ပသို့....

ဘုန်းကြီးကျောင်းကနေ ပြန်လာသည့် လမ်းတစ်လျှောက်မှာတော့ အစ်ကိုက ကျွန်တော့်လက်ကို တင်းတင်းကြပ်ကြပ် ​ဆုပ်ကိုင်ထားပြီး ဘာစကားမှ မပြောလာသေး...။

အစ်ကိုက အိမ်ကို ပြန်ဖို့ လုပ်နေသည် ထင်သည်...။ အခုချိန် အိမ်မှာက ဘယ်သူမှ ရှိမှမဟုတ်သေး... အကုန်လုံးက ကထိန်ပွဲသို့ ရောက်နေလေပြီ...။ အိမ်မှာတော့ သေချာသည်က အစ်ကိုနှင့် ကျွန်တော် နှစ်ယောက်တည်း ရှိမှာပင်...။ တွေးရင်း တွေးရင်းပင် ကြောက်လန့်လာသည်မို့ ရှေ့မှ ခပ်မြန်မြန်လျှောက်နေသည့် အစ်ကို့မျက်နှာကို ကြည့်နေမိသည်....။

အစ်ကိုကတော့ မပြုံးမရယ်ဆိုတာထက် အံကို တင်းတင်းကြိတ်ထားပုံရသည်...။ ကျွန်တော်လည်း ဘာမှမပြောဘဲ အစ်ကိုခေါ်ရာ နောက်သို့သာ....။

မင်းက ငါ့မိန်းမဖြစ်လာမယ့်သူ (season-2)Where stories live. Discover now