{Unicode}
... တစ်ခါတစ်လေ
အချစ်ဆိုတာမျိုးက...****
ယခင်အပိုင်းမှ အဆက်...
"ဒီသီချင်းက ပျိုးအတွက်ပါ..."
ထိုအသံက ကျယ်လောင်စူးရှစွာ ဝန်းကျင်တစ်ခုလုံး ရစ်ဝဲသွားသလိုပင်....။ အခန်းထဲမှာ အစ်ကိုနဲ့ ဖုန်းပြောနေရင်းမှ ထိုအသံကို ကြားလိုက်ရသည်မို့.... အသံကို တိတ်ကာ နားထောင်လိုက်ပြီး တစ်ဖက်မှ အစ်ကို့အသံကို ဆန်းစစ်ကာ နားထောင်လိုက်မိသည်...။
အစ်ကို့ဘက်က အသံရှူသံများကိုသာ ကြားနေရပြီး... ဘာအသံမှ ထွက်မလာသေးသည်မို့...
"အစ်ကို... ပျိုးငယ် အိမ်သာသွားမလို့ ခဏလေးနော်...။"
"အင်း..."
အစ်ကို့ဘက်က ထိုစကားတစ်လုံးတည်းဖြင့် ကြားလာရသည့် အချိန်မှာ အဲ့ဒီသီချင်းကိစ္စကို ရှင်းမလို့ အခန်းထဲက ထွက်ချိန်မှာပင် အပြင်မှာ စောင့်နေသည့် အဆောင်မှူး ကိုမြတ်မင်း...
ရုတ်တရက်မို့ လန့်သွားသည့် အချိန်မှာတော့ ကိုမြတ်မင်းက...
"သြော်... ပျိုးငယ်... ဘယ်သွားမလို့လဲ? ဒီမှာ... ရှေ့က အဖွဲ့က ပျိုးငယ်အတွက် ပစ္စည်းတွေ ပေးခိုင်းလိုက်လို့ လာပေးတာ...။"
ရှေ့ကအဖွဲ့ဆိုတာနဲ့ ဂစ်တာသံ ၊ သီချင်းသံများနှင့် ရှိနေသည့် အိမ်ရှေ့က အဖွဲ့ဘက်ကို မျက်လုံးကို တည်တည်ထားကာ တစ်ချက်ဝေ့ကြည့်လိုက်ပြီး....
"ပျိုးငယ်... ဒါတွေ မယူချင်ဘူး ကိုမြတ်မင်း...။ သူတို့နဲ့လည်း ပျိုးငယ် မသိဘူး...။ သူတို့ ဘယ်သူဆိုတာလည်း ပျိုးငယ် မသိဘူး...။ ပျိုးငယ်က မသိတဲ့သူတွေဆီက ပစ္စည်းတွေကို လက်မခံတတ်လို့ပါ...။"
ထိုအဆောင်မှာတော့ အဆောင်မှူး ကိုမြတ်မင်းက ကျွန်တော့်ကို ဘေးကြပ်နံကြပ်ဖြစ်စေသည့် အနေအထားဖြင့်ပင်....
"ဒါပေမယ့်... ဒါတွေက ပျိုးငယ်အတွက် သေချာလေး ပို့ပေးဖို့ ပြောထားတာ...။"
"ဒါဆို ကျွန်တော့်ကို ပေးပါ... ကျွန်တော် သူတို့ဆီကို တွေ့ပြီး ပြန်ပေးလိုက်ပါ့မယ်...။"