{Unicode }
.... He is my emergency food...
..သီတင်းကျွတ် လပြည့်ကျော် ၁၄ရက်နေ့...
ဝါကျွတ်ပြီ အချစ်ရယ်.. အသက်ရယ်...
သီတင်းကျွတ် ခဲ့ပြီပဲ... သီတင်းကျွတ်ခဲ့ပြီကွယ်...
ဝါကျွတ်မီးပွဲ ကြည့်မယ် အတူတူကွယ်...
ချစ်မီးပုံး ဟိုဒီမှာကွယ်... ဖြူနီပြာဝါ ရောင်စုံခြယ်...
ဒီနေ့ သီတင်းကျွတ် လပြည့်ကျော် ၁၄ရက်နေ့...
ဒီနေ့မှာတော့ သီတင်းကျွတ်လပြည့်ကျော် ၁၄ရက်နေ့ ...
မိသားစုတွေ သက်ကြီးရွယ်အိုတွေ ကို ကန်တော့ဖို့ စီစဉ်နေမိပါသည်...။ အစ်ကိုနှင့်အတူ ကျွန်တော်လည်း မြို့ပေါ်သို့ သွားမိသည်...။ နှစ်ယောက်သား မြို့ပေါ်မှာပင် အချိန်အတော်ကြာ ရှိနေမိသည်...။ အစ်ကိုကတော့ ကျွန်တော် ဘာဝယ်ဝယ် ဘာမှမပြောပါ...။ ကျွန်တော့်နောက်မှ တကောက်ကောက်လိုက်ပါလာပြီး ကျွန်တော် အဆင်ပြေဖို့ပင် တွေးမိနေဟန် ရှိသည်....။
"အစ်ကို... ဒါလေး ဝယ်လိုက်မယ်နော်...။"
ကျွန်တော့်လက်ထဲမှ မုန့်ကို အစ်ကို့ကို ပြလိုက်တော့ ... အစ်ကိုက ခေါင်းကိုသာ ညိမ့်လိုက်ပြီးသည့်နောက်မှာ...
"Babe သဘော..."
ကျွန်တော်လည်း လိုအပ်တာလေးတွေ ဝယ်ပြီးသည်နှင့် အစ်ကိုနှင့်အတူ အိမ်ကို ပြန်လာခဲ့မိသည်...။ အိမ်ရောက်သည်နှင့် ရွာမှာ မီးကြာခွက်လေးလှည့်တာမျိုး...၊ ဆီမီးတစ်ထောင် ပန်းတစ်ထောင်...လှူပွဲတွေလည်း ရှိတာမို့... ကာလသားခေါင်းဆောင်မဟုတ်ပေမယ့် အရှိန်အဝါတစ်ခုနောက်မှာတော့ အိမ်မှာ လူအပြည့် ရှိနေသည်...။
"ဒီည မီးကြာခွက်က ဟိုဘက်ရွာအထိ သွားမှာ။ ဒါနဲ့... မင်းရော ကလေးတွေကို လိုက်ထိန်းမှာလား?"
"မသိသေးဘူး..."
ထိုအချိန်မှာတော့ ကျွန်တော်နှင့် တရုတ်ကြီးကတော့ ရှုံ့မဲ့လာပြီး ...
"လိုက်ခဲ့ပါကွာ... မင်းတစ်ယောက်တည်း မသွားချင်ရင် ပျိုးငယ်ကိုပါ ခေါ်ခဲ့လေ...။"