အပိုင်း (၆)

11.9K 609 44
                                    

{Unicode}

... ပိုင်ဆိုင်ခြင်းတစ်ဖက်၌
အတ္တများ...

***


This part contains age-limited scene... for some chick become cringe. So, Make your own risks .

 So, Make your own risks

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.


ယခင်အပိုင်းမှ အဆက်....

"... ပျိုးငယ် အိမ်ပြန်အိပ်ချင်တယ်...။"

အစ်ကို့မျက်နှာကို တစ်စက်မှမကြည့်ဘဲ ပြတ်သားစွာ ဆိုမိသည်။ ဒါကို ကြားလေတော့ အစ်ကိုက ချက်ချင်းဆိုသလို ကျွန်တော့်ကို ကြည့်လာတာ သတိထားမိသည်။ သို့ပေမယ့် အစ်ကို့ကို စိတ်ဆိုးနေတာမို့ ဘာတစ်ခုမှ ငဲ့ညှာခြင်းတွေ မရှိနိုင်တော့....။

ခဏအကြာမှာတော့ အစ်ကိုက ကျွန်တော့်အနားသို့ ရောက်လာပြီး...

"... ဒီခြေထောက်တွေ ရှိနေလို့... ငါ့အနားကနေ ထွက်သွားချင်နေတာ ထင်တယ်။ ဒီခြေထောက်တွေကို အပြီးတိုင် ဖြတ်ပစ်ရမလား?"

အစ်ကို့ထံမှ အစွန်းရောက်စွာ ထွက်ပေါ်လာသည့် စကားတွေက ကျွန်တော့်ကို အလွန်တရာ စိတ်ညစ်သွားစေသည့် ခံစားချက်ကို ပေးစွမ်းနိုင်သည်။ အစောနလည်း အရီးလေးကို ကျွန်တော်ကို မတော်တဆ သူ သတ်ပစ်မယ်ဆိုရင်တောင် အရိုးတောင် မြေမကျစေရဘူးဆိုတော့ ကျွန်တော့်အသားကို စားမည်ဆိုတာမျိုး....။

အစ်ကိုက အခုထက်ထိ ကျွန်တော့်ကို စေ့စေ့ကြည့်နေတာမို့ ကျွန်တော်လည်း မျက်နှာကို ဘေးသို့ လွှဲလိုက်မိသည်။ အစ်ကိုကတော့ ကျွန်တော့်ခန္ဓာကိုယ်ကို ပွေ့ပိုက်လာပြီး သူ့ပုဆိုးလုံကွင်းထဲသို့ ထည့်သည်။ ထို့နောက် လက်တစ်ဖက်က ကျွန်တော့်ဝမ်းဗိုက်ပိုင်းမှာ ပိုက်ပွေ့ထားပြီး ကျန်တစ်ဖက်က ကျွန်တော့်လည်တိုင်သို့...။

မင်းက ငါ့မိန်းမဖြစ်လာမယ့်သူ (season-2)Donde viven las historias. Descúbrelo ahora